DVB Logo
Home
နိုင်ငံတကာ
တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၅ သိန်းကို တရားဝင်နေထိုင်ခွင့်ပေးရန် စပိန် စီစဉ်
DVB
·
January 28, 2026
တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၅ သိန်းကို တရားဝင်နေထိုင်ခွင့်ပေးရန် စပိန် စီစဉ်
Donate to DVB

တရားမဝင် ရွှေ့ပြောင်း ၅ သိန်းကို တရားဝင် နေထိုင်ခွင့်ပေးဖို့ အစီအစဉ်ရှိတယ်လို့ စပိန်အစိုးရက ကြေညာထားပါတယ်။

တရားဝင်နေထိုင်ခွင့်ပေးမဲ့သူတွေဟာ ရာဇဝတ်မှု ကင်းရှင်းရမှာဖြစ်သလို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ စပိန်နိုင်ငံမှာ နေထိုင်မှု ၅ လပြည့်တဲ့သူတွေ အကျုံးဝင်မှာ ဖြစ်ပါတယ်။

အဲဒီအချက်တွေနဲ့ ညီတဲ့သူတွေဟာ ကနဦး တနှစ်နေထိုင်ခွင့် ရရှိမှာဖြစ်ပြီး နောက်ပိုင်းမှာ သက်တမ်းတိုးနိုင်မှာ ဖြစ်ပါတယ်။ တရားဝင်နေထိုင်ခွင့်ပြုဖို့ လာမဲ့ ဧပြီလက စတင်ဖွယ်ရှိပြီး ဇွန်လမှာ အဆုံးသတ်ဖွယ် ရှိပါတယ်။

စပိန်နိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေ များခဲ့ပြီး အများစုက လက်တင်အမေရိကနိုင်ငံကနေ လာရောက်တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က အထောက်အထားမဲ့ လူဦးရေ ၁၀၇,၄၀၉ ယောက် ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ ၈၃၇,၉၃၈ အထိ ၈ ဆ တိုးတက်လာတာ ဖြစ်ပါတယ်။

အထူးသဖြင့် ကိုလံဘီယာ၊ ပီရူး၊ ဟွန်ဒူးရပ်စ် စတဲ့နိုင်ငံတွေက အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချသူတွေ များပြားတာ ဖြစ်ပါတယ်။

ရွှေ့ပြောင်းတွေဟာ နိုင်ငံရဲ့ စီးပွားရေးအတွက် အရေးကြီးတယ်ဆိုတာ စပိန်အစိုးရက မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

စပိန်နိုင်ငံဟာ ၂၀၂၅ ခုနှစ်က စီးပွားရေးဖွံ့ဖြိုးမှု ၃ ရာခိုင်နှုန်းရှိပြီး တခြား အီးယူနိုင်ငံတွေထက် စီးပွားရေး ပိုပြီး အားကောင်းခဲ့ပါတယ်။

အလုပ်လက်မဲ့နှုန်းကလည်း ၂၀၀၈ ခုနှစ်ကတည်းက ၁၀ ရာခိုင်နှုန်းအောက် ပထမဆုံးအကြိမ် ကျဆင်းခဲ့ပါတယ်။

စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်က ရွှေ့ပြောင်းတွေဟာ စပိန်နိုင်ငံကို ချမ်းသာရေး၊ ဖွံ့ဖြိုးမှုနဲ့ ကြီးပွားချမ်းသာအောင် လုပ်ဆောင်မှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ဒါဟာ စပိန်နိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ရွှေ့ပြောင်းအခြေချသူတွေကို တရားဝင် နေထိုင်ခွင့်ပေးတဲ့ အကြီးမားဆုံးအရေအတွက်ပဲ ဖြစ်ပါတယ်။

၁၉၈၆ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ စပိန်နိုင်ငံမှာ လာရောက်နေထိုင်တဲ့ အထောက်အထားမဲ့သူတွေအတွက် တရားဝင်နေထိုင်ခွင့် ရရှိမှာပဲ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013