DVB Logo
Home
နိုင်ငံတကာ
အိုလံပစ်ပြိုင်ပွဲကို ICE အေးဂျင့်များ စေလွှတ်မည့်အပေါ် အီတလီနိုင်ငံရေးသမားများ တုံ့ပြန်
DVB
·
January 28, 2026
အိုလံပစ်ပြိုင်ပွဲကို ICE အေးဂျင့်များ စေလွှတ်မည့်အပေါ် အီတလီနိုင်ငံရေးသမားများ တုံ့ပြန်
Donate to DVB

အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်တပ်ဖွဲ့ (ICE) က ဆောင်းရာ သီအိုလံပစ်ပြိုင်ပွဲ လာမဲ့အရေးကို အီတလီနိုင်ငံရေးသမားတွေ ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။

ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲဝင် အမေရိကန်ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးကို တာဝန်ယူဖို့ ICE အဖွဲ့ကို စေလွှတ်မှာဖြစ်တဲ့အကြောင်း အမေရိကန်သံရုံးက ဇန်နဝါရီ ၂၇ ရက်မှာ အတည်ပြုထားပါတယ်။

အမေရိကန်နိုင်ငံ မင်နီဆိုးတားမှာ အရပ်သား ၂ ယောက် ပစ်ခတ်သတ်ဖြတ်ခံရပြီး နောက်ပိုင်း ICE အဖွဲ့ကို ဝေဖန်မှုတွေ မြင့်တက်နေပြီး အီတလီနိုင်ငံကပါ ဒေါသတကြီး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၆ ရက်ကနေ ၂၂ ရက်အထိ အီတလီနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ICE အဖွဲ့ရဲ့ အမိမြေလုံခြုံမှုစုံစမ်းရေး HSI အဖွဲ့ဝင်တွေဟာ အီတလီနိုင်ငံကို လာရောက်တဲ့အချိန်မှာ အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေ လုပ်ဆောင်မှာမဟုတ်ဘဲ လုံခြုံရေးပေးမှုကိုပဲ လုပ်ဆောင်မယ်လို့ ဆိုထားပါတယ်။

HSI အဖွဲ့ဟာ အမေရိကန်နိုင်ငံရဲ့ အားကစားပြိုင်ပွဲတွေ ယှဉ်ပြိုင်ချိန်မှာ အရင်ကတည်းက လုံခြုံရေးအဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်က ပါရီအိုလံပစ်ပြိုင်ပွဲမှာလည်း HSI အဖွဲ့က တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့ အမေရိကန်သံရုံးက ပြောထားပါတယ်။

ဒါပေမဲ့ လက်ရှိ ICE အဖွဲ့က လူသတ်မှုကျူးလွန်နေတယ်လို့ အီတလီ နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်မှုပြုလုပ်ထားတာ ဖြစ်ပါတယ်။

အီတလီဝန်ကြီးချုပ် မီလိုနီရဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ပါဝင်တဲ့ မိုဒီရာတီပါတီခေါင်းဆောင် မာရီဇီယိုလူပီ၊ မီလန်မြို့တော်ဝန်နဲ့ အီတလီဝန်ကြီးချုပ် မတ်တီယိုရန်ဇီတို့က ICE အဖွဲ့သားတွေဟာ လူသတ်သမားအဖွဲ့တွေ ဖြစ်ကြောင်း၊ ဒီအဖွဲ့ဟာ အကြမ်းဖက်မှုတွေရဲ့ သင်္ကေတဖြစ်ပြီး သူတို့ကို မီလန်မြို့က မကြိုဆိုတဲ့အကြောင်း ပြောကြားခဲ့တာပါ။

ဝန်ကြီးချုပ်မီလိုနီရဲ့ နိုင်ငံရေးပြိုင်ဘက်ဖြစ်တဲ့ FiveStar ပါတီရဲ့ လွှတ်တော်အမတ် ဘာဘရာဖလိုရီဒါက ICE အဖွဲ့သားတွေ ဆောင်းရာသီ အိုလံပစ်ပွဲလာမဲ့ကိစ္စကို အစိုးရက နှုတ်ဆိတ်နေတာက ဒေါ်နယ်ထရမ့်ပ်ကို အောက်ကျို့တာဖြစ်ပြီး သူရဲဘောကြောင်တဲ့ အပြုအမူ ဖြစ်တယ်လို့လည်း ဝေဖန်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013