DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တရားမဝင်မြန်မာများတင်လာသောကား တိမ်းမှောက်၊ ၃ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ 
DVB
·
January 21, 2026
ထိုင်းတွင် တရားမဝင်မြန်မာများတင်လာသောကား တိမ်းမှောက်၊ ၃ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ 
Donate to DVB

ထိုင်းတောင်ပိုင်း ဖတ်ထလုန်းခရိုင် ပါဘွန်းမြို့နယ်ထဲမှာ ဇန်နဝါရီ ၂၁ ရက် ဒီနေ့မနက်စောစောက တရားမဝင် မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ ကားတစီး ရဲတပ်ဖွဲ့ဝင်တွေကို တိမ်းရှောင်ရင်း မတော်တဆတိမ်းမှောက်ခဲ့တာကြေင့်  ၃ ယောက် သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ဒီကနေ့မနက် (သန်းခေါင်ကျော် ၀၀.၂၀ မိနစ်) က ပါဘွန်းရပ်ကွက် ဖလုန့်ဖော နဲ့ ထုန့်နားရီးသွား ကားလမ်းမကြီးပေါ်မှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း သတင်းပို့ ချက်ရတာကြောင့် အရေးပေါ်လူနာတင်ယာဉ်နဲ့အတူ သွား‌‌ရောက်စစ်ဆေးခဲ့တယ်လို့ ပါဘွန်းနယ် မြေရဲစခန်းတာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

အခင်းဖြစ်တဲ့နေရာမှာ အနက်ရောင်ဟိုင်းလပ်စ်ကားတစီးတိမ်းမှောက်ပျက်စီးနေပြီး အနားက မြောင်းထဲမှာ သေဆုံးသူ ၂ ယောက်၊ အနီးတဝိုက်မှာ ထိခိုက်ဒဏ်ရာရသူ ၁၃ ယောက် (ကျား ၃၊ မ ၁၀) တို့ကို တွေ့ရှိတယ်၊  အားလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့က သူတို့ကို ရတ်တဖုမ်းဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်။ ဆေးရုံ‌ရောက်ပြီး မကြာခင် ဒဏ်ရာရသူတယောက် ထပ်မံသေဆုံးသွားတယ်လို့  ဆိုပါတယ်။ 

စစ်ဆေးမေးမြန်းချက်အရ အဆိုပါကားဟာ တရားမဝင်လုပ်သားတွေ တင်ဆောင်လာကြောင်း မသင်္ကာဘွယ်ရှိတာကြောင့် နယ်ခြားစောင့်တပ်ဖွဲ့တွေက အနောက်က လိုက်လံဖမ်းဆီးစဉ် အခင်းဖြစ် တဲ့နေရာမှာ လမ်းဘေးကို ဘီးချော်ပြီး တိမ်းမှောက်သွားတယ်၊ ယာဉ်မောင်းဖြစ်သူလည်း ထိခိုက်ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။ 

တရားဥပဒေအရအရေးယူဖို့အတွက် ရဲတပ်ဖွဲ့က နောက်ထပ်စုံစမ်းစစ်ဆေးရေးတွေ လုပ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းနိုင်ငံမှာ ခုရက်ပိုင်းတွင်း တရားမဝင်အလုပ်သမား ဖမ်းဆီးရမှုတွေ နေ့စဉ်လိုရှိနေပြီး ဇန်နဝါရီ ၁၉ နဲ့ ၂၀ ရက်နေ့တွေအတွင်း ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင်မြန်မာနိုင်ငံသား ၂၀၀ နီးပါးနဲ့ ယာဉ်မောင်း/လမ်းပြ အနည်းဆုံး ၈ ယောက် ဖမ်းဆီးခံထားရတယ်လို့  ကန်ကျနပူရီသတင်းတွေအ‌ရ သိရပါတယ်။

Source - Thairatth / Kanchanaburi News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013