DVB Logo
Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးလောင်
DVB
·
January 20, 2026
ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးလောင်
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ အူခီးယားမြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဇန်နဝါရီ ၂၀ ရက် မနက်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ်၊ ဗလီနဲ့ စာသင်ကျောင်းတွေ အပါအဝင် လူနေအိမ်နဲ့ အဆောက်အအုံ ၄၀၀ ကျော် ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။

ဇန်နဝါရီ ၂၀ ရက် မနက် ၃ နာရီ ၄၅ မိနစ်မှာ ပါလောင်ခါလီနဲ့ ရှာဖီအူလာကာတာ ဧရိယာရှိ  အမှတ် ၁၆ စခန်း Block D-4 မှာ ဂတ်စ်မီးဖိုနဲ့ ရေနွေးတည်ရာကနေ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ D-2 နဲ့ D-3 ကအိမ်တွေကို လျင်မြန်စွာ ကူးစက်သွားတာလို့ ဆိုပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၄၄၈ လုံး၊ ဗလီ ၂ ခု၊ စာသင်ကျောင်း ၁၀ ကျောင်းနဲ့ ဘာသာရေးစာသင်ကျောင်း ၁ ကျောင်းတို့ ပျက်စီးသွားပြီး ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးဘူးလို့ စခန်းတာဝန်ခံတွေရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။

ဒုက္ခသည်စခန်း မီးလောင်မှုကို အူခီးယာ မီးသတ်တပ်ဖွဲ့၊ အရပ်ဘက်ကာကွယ်ရေးတပ်တွေနဲ့  ဒုက္ခသည်တွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတာကြောင့် မနက် ၅ နာရီခွဲခန့်မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ ဒေသအာဏာပိုင်တွေက ပြောကြားထားကြပါတယ်။

လက်ရှိမှာ မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးသွားတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ အရေးပေါ် လူမှုအကူအညီတွေ လိုအပ်နေကြတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာလည်း အူခီယားရှိ ဒုက္ခသည်စခန်းတွေမှာ မီးလောင်မှု ဖြစ်ပွားပြီး နေအိမ် ၄၀ ကျော်နဲ့ ဆေးခန်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

Ref: Dhaka Tribune

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013