DVB Logo
Home
မြန်မာသတင်း
ငဖဲမြို့နယ်ထဲက ဘိန်းစိုက်ခင်း ဧက ၃၀ နီးပါးကို PRA Magway ဖျက်ဆီး
DVB
·
January 19, 2026
ငဖဲမြို့နယ်ထဲက ဘိန်းစိုက်ခင်း ဧက ၃၀ နီးပါးကို PRA Magway ဖျက်ဆီး
1 / 10
Donate to DVB

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းမှာရှိတဲ့ ဘိန်းစိုက်ခင်း ဧက ၃၀ နီးပါးကို ဖျက်ဆီးခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) က ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

PRA Magway ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ငဖဲမြို့နယ်တောင်ဘက်ခြမ်းမှာရှိတဲ့ ဘိန်းစိုက်ခင်း ဧက ၃၀ နီးပါးကို ကျနော်တို့ တပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ဖျက်ဆီးခဲ့ကြတာပါ” လို့ ပြောပါတယ်။

အဆိုပါ ဘိန်းစိုက်ခင်းတွေရဲ့ ပိုင်ရှင်တွေကို စုံစမ်းခဲ့ပေမဲ့ မသိရှိခဲ့ရဘူးလို့ ဆိုပါတယ်။

PRA Magway ရဲ့ တာဝန်ရှိသူတယောက်က “မကွေးတိုင်းအတွင်းက တောင်ပေါ်ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှုက နအဖ လက်ထက်ကတည်းက အစပျိုးခဲ့တာပါ။ ရွေးကောက်ခံအစိုးရ လက်ထက်တွေမှာလည်း မတားဆီးနိုင်ခဲ့ကြပါဘူး။ နယ်မြေခံရဲစခန်းတွေကလည်း အခကြေးငွေ တောင်းခံပြီး စိုက်ခွင့်ပြုခဲ့သလို၊ ဘိန်းစိုက်ခင်း ဖျက်ဆီးတဲ့ စီမံချက်တွေကလည်း ဟန်ပြတွေပဲ လုပ်ခဲ့တာကြောင့်မို့လို့ တောင်ပေါ်ဒေသ ဘိန်းစိုက်ပျိုးမှုက တဖြည်းဖြည်း ကြီးထွားလာခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။

PRA Magway ရဲ့ စိုးမိုးနယ်မြေတွေနဲ့ လှုပ်ရှားဒေသတွေအတွင်း မူးယစ်ဆေးဝါးတွေကို ထိထိရောက်ရောက် တားဆီးသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း မြန်မာ့ဘိန်းစိုက်ပျိုးမှုဟာ ၂၀၂၄ ခုနှစ်ကထက် ၁၇ ရာခိုင်နှုန်းမြင့်တက်လာပြီး ဆယ်စုနှစ်တခုအတွင်း အမြင့်ဆုံးစံချိန်ကို ရောက်ရှိခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013