DVB Logo
Home
မြန်မာသတင်း
အမ်းမြို့ တိုက်ပွဲက ထွက်ပြေးလာသူ တပ်သားသစ် ၄ ဦးကို အရှင်ဖမ်းမိ
DVB
·
January 5, 2025
အမ်းမြို့ တိုက်ပွဲက ထွက်ပြေးလာသူ တပ်သားသစ် ၄ ဦးကို အရှင်ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တိုက်ပွဲကနေ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ၄ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA Magway) က ဇန်နဝါရီ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

PRA Magway ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဖမ်းမိတဲ့သူ ၄ ယောက်လုံးက စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ် စုဆောင်းခံခဲ့ရတဲ့သူတွေပါ။ အမ်းစစ်ဆင်ရေးနယ်မြေထဲကနေ ထွက်ပြေးလာကြရင်း ကျနော်တို့ လှုပ်ရှားတဲ့ စစ်ရေးနယ်မြေထဲမှာ ဖမ်းမိခဲ့တာပါ” လို့ ပြောပါတယ်။

အဲဒီထွက်ပြေးလာသူတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ၁ ယောက်နဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ၃ ယောက် ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

PRA Magway ရဲ့ ဥက္ကဋ္ဌ ကိုနေမွန် က “ဖမ်းမိတဲ့အချိန်မှာ လက်နက်တော့ မပါကြဘူး။ သူတို့ကို စစ်သုံ့ပန်းဥပဒေနဲ့အညီပဲ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပါတယ်။ လက်ရှိအနေအထားကတော့ ကျနော်တို့ PRA Magway က တဖွဲ့တည်းပဲဖြစ်ဖြစ်၊ တခြားမဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ပဲဖြစ်ဖြစ် ကျနော်တို့ ချမှတ်ထားတဲ့ စစ်ရေးဆိုင်ရာ ရည်မှန်းချက်တွေကို တဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့ စစ်ဆင်ရေးတွေမှာလည်း ရလဒ်ကောင်းတွေ အများကြီးရှိခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် နေထိုင် စားသောက်ရေးကအစ ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီး ဒေသအသီးသီးမှာရှိကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အနိုင်အထက်ပြုကျင့်နေတဲ့ စစ်အာဏာရှင်တွေအတွက် အသေခံ မတိုက်ခိုက်ဘဲ ထွက်ပြေးတိမ်းရှောင်ပြီး ပြည်သူတွေနဲ့အတူ ရှင်သန်ရပ်တည်ကြဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့ ညနေပိုင်းကလည်း ငဖဲမြို့နယ်၊ မျှော်စင်ရွာအနောက်ဘက်က နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းကနေ ဆိုင်ကယ်နဲ့ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးပြီး MA3 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့သေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းက အမ်းမြို့တိုက်ပွဲအတွင်းကနေ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီ ဗိုလ်ကြီး ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ယောက်နဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့သေးတယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ဆီကနေသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013