DVB Logo
Home
မြန်မာသတင်း
ရွှေဈေးစံချိန်တင်တက်လာချိန် ရွှေဆိုင်အချို့ အရောင်းအဝယ်ရပ်
DVB
·
January 17, 2026
ရွှေဈေးစံချိန်တင်တက်လာချိန် ရွှေဆိုင်အချို့ အရောင်းအဝယ်ရပ်
Donate to DVB

အခေါက်ရွှေဈေး ၁ ကျပ်သားကို ကျပ်သိန်း ၁၀၀ နီးပါးအထိ စံချိန်တင်မြင့်တက်လာချိန်မှာ ရွှေဆိုင်အချို့ အရောင်းအဝယ်ရပ်ထားတယ်လို့ ရွှေဆိုင်တွေဆီကနေ စုံစမ်းသိရှိရပါတယ်။

ဇန်နဝါရီ ၁၇ ရက် ဒီနေ့ ဈေးကွက်ထဲမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းက အမေရိကန် တဒေါ်လာကို ၄,၀၇၀ ကျပ် ပေါက်ဈေးရှိနေပြီး ကမ္ဘာ့ရွှေဈေးကတော့ တအောင်စကို ၄,၅၉၆ ဒေါ်လာဝန်းကျင်၊ ပြည်တွင်းအခေါက်ရွှေဈေးက တကျပ်သားကို ငွေကျပ် ၉,၈၇၀,၀၀၀ သိန်းစျေးဝန်းကျင်အထိ ရှိနေတာဖြစ်ပါတယ်။

ရွှေဈေးနှုန်းဟာ သမိုင်းတလျှောက်စံချိန်တင်မြင့်တက်ခဲ့တာဖြစ်ပြီး ဆိုင်တချို့ အရောင်းအဝယ် ရပ်နားထားရတယ်လို့ သိရပါတယ်။

ရွှေဆိုင်ပိုင်ရှင်တယောက်က “ရွှေဈေးက ‌မတရားတတ်နေတော့ ပြန်ရောင်းတဲ့သူက များလာတယ်။ အဝယ်မရှိဘူးပေါ့။ အခုဆို ဆိုင်တောင်ပိတ်ထားရတယ်။ အရောင်းအဝယ် ခဏနားထားရတယ်။ ဆိုင်အတော်များများက ပိတ်ထားကြတယ်။ ဒီတခေါက်က စံချိန်အတင်ဆုံးပဲ ရွှေဈေးက” လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၆ ရက် မနေ့ကတော့ မြန်မာ့ရွှေဈေးဟာ ကျပ် ၉၉ သိန်းဖြစ်ပြီး ကမ္ဘာ့ရွှေဈေးက ဆက်လက်မြင့်တက်လာနိုင်သလို နိုင်ငံခြားငွေလဲလှယ်နှုန်းကလည်း ဈေးကစားသူတွေကြောင့် ထပ်မံမြင့်တက်လာနိုင်ပြီး ရွှေဈေးနှုန်းလည်း ဆက်လက်မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကတော့ ရွှေဆိုင်တွေအနေနဲ့ သတ်မှတ် ရည်ညွှန်းဈေးအတိုင်း ရောင်းချဖို့ ညွှန်ကြားထားပြီး မရောင်းချတဲ့သူတွေကို အရေးယူသွားမယ်လို့ အသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရွှေတကျပ်သား သိန်း ၁၀၀ နားရောက်ချိန်မှာ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေး ကော်မတီက သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနဲ့အထက်ရှိတဲ့ စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်) ကို ကျပ် သိန်း ၆၀ သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013