DVB Logo
Home
အားကစား
 စပါးတိုက်စစ်မှူး ရစ်ချာလီဆင် တံကောက်ကြောဒဏ်ရာကြောင့် ၇ ပတ် နားရမည်
DVB
·
January 17, 2026
 စပါးတိုက်စစ်မှူး ရစ်ချာလီဆင် တံကောက်ကြောဒဏ်ရာကြောင့် ၇ ပတ် နားရမည်
Donate to DVB

စပါးတိုက်စစ်မှူး ရစ်ချာလီဆင်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ၇ ပတ်ကြာအနားယူရ မယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်ရှိ ဘရာဇီးတိုက်စစ်မှူးဟာ ဗီလာကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အသင်းရဲ့ပွဲစဉ် ၁၀ ပွဲထက်မနည်း လွဲချော်တော့မှာပါ။

ဒီအခြေအနေကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ စပါး အသင်းက ပြင်ဆင်နေပါတယ်။

စပါးအသင်းဟာ မက်ဒီဆန်နဲ့ ကူလူဆက်စကီးတို့က ကာလရှည် အနားယူနေရသလို အားထားရတဲ့ ကူဒက်စ်ဟာလည်း ဒဏ်ရာရရှိသွားတာကြောင့် အက်သလက်တီကို ကွင်းလယ်လူ ဂယ်လဂါကို  ပေါင် ၃၅ သန်းဝန်းကျင်နဲ့ ခေါ်ယူထားပါတယ်။

ရစ်ချာလီဆင် ၁၀ ပွဲလောက် လွဲချော်မဲ့အခြေအနေက နောက်ဆုံး ၇ ပွဲမှာ ၄ ပွဲရှုံးနိမ့်ပြီး ဖိအားများနေတဲ့ နည်းပြသောမက်စ်ဖရန့်ခ်အတွက် ထိုးနှက်ချက်ဖြစ်စေခဲ့ပါတယ်။

Photo: Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013