DVB Logo
Home
နိုင်ငံတကာ
မင်နီဆိုးတားတွင် ပုန်ကန်မှုဥပဒေ အသုံးပြုမည်ဟု ထရမ့်ပ် ခြိမ်းခြောက်
DVB
·
January 16, 2026
မင်နီဆိုးတားတွင် ပုန်ကန်မှုဥပဒေ အသုံးပြုမည်ဟု ထရမ့်ပ် ခြိမ်းခြောက်
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်၊ မင်နီယာပိုလစ်မြို့ရဲ့ လမ်းမတွေပေါ်မှာ လူဝင်မှုကြီးကြပ်ရေး အေးဂျင့်တွေ တိုးလာတာနဲ့ ပတ်သက်ပြီး ရက်အတော်ကြာ ဒေါသထွက်နေတဲ့ ဆန္ဒပြမှုတွေအပြီးမှာ သမ္မတ ဒေါ်နယ်ထရမ့်ပ်က  မင်နီဆိုးတားမှာ စစ်တပ်တွေကို ချထားဖို့အတွက် ပုန်ကန်မှု အက်ဥပဒေကို အသုံးပြုမယ်လို့ ဇန်နဝါရီ ၁၅ ရက်မှာ ခြိမ်းခြောက် ပြောပါတယ်။

မင်နီဆိုးတားပြည်နယ်က အဂတိလိုက်စားတဲ့ နိုင်ငံရေးသမားတွေက ဥပဒေကို မလိုက်နာဘဲ ပရော်ဖက်ရှင်နယ် လှုံ့ဆော်သူတွေနဲ့ ပုန်ကန်သူတွေဟာ သူတို့ရဲ့အလုပ်ကိုပဲလုပ်ဖို့ ကြိုးစားနေတဲ့ ICE ရဲ့ သစ္စာတော်ခံတွေကို တိုက်ခိုက်တာကို မရပ်တန့်ခိုင်းဘူးဆိုရင် အရင်သမ္မတတွေရဲ့ လက်ထက်တွေမှာ ကျင့်သုံးခဲ့တဲ့ ပုန်ကန်မှု အက်ဥပဒေကို စတင်ကျင့်သုံးတော့မှာဖြစ်ပြီး တချိန်တုန်းက ကြီးကျယ်ခဲ့တဲ့ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဆိုးရွားတဲ့လုပ်ရပ်ကို မြန်မြန်ဆန်ဆန်ပဲ အဆုံးသတ်ပေးပါမယ်လို့ ထရမ့်ပ်က လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။

မင်နီယာပိုလစ်မြို့မှာ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက မော်တော်ကားကို ရပ်ခိုင်းဖို့ ကြိုးစားတာကို ထွက်ပြေးသွားတယ်လို့ အစိုးရဘက်က ပြောဆိုတဲ့ ဗင်နီဇွဲလား အမျိုးသားတယောက်ကို ပစ်ခတ်ပြီးနောက် နာရီအနည်းငယ်အကြာမှာပဲ ထရမ့်ပ်ရဲ့ နောက်ဆုံးခြိမ်းခြောက်မှု ထွက်ပေါ်လာတာပါ။ အဲဒီအမျိုးသားဟာ ခြေထောက်မှာ ဒဏ်ရာရခဲ့ပါတယ်။

မင်နီယာပိုလစ်မြို့မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ကြီးကြပ်ရေး အရာရှိတယောက်က အမေရိကန်နိုင်ငံသူ ရီနီးဂွဒ်ကို ကားထဲမှာ ပစ်သတ်ခဲ့ပြီးနောက် ဒေသခံတွေနဲ့ ဖက်ဒရယ်အရာရှိတွေ အကြားက ထိပ်တိုက်ရင်ဆိုင်မှုတွေ ပိုမိုတင်းမာလာခဲ့ပြီးတော့ ဆန္ဒပြပွဲတွေကလည်း တခြားမြို့တွေဆီ ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013