DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရ
DVB
·
January 16, 2026
တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရ
Donate to DVB

တောင်ကိုရီးယား ဆိုးလ်ဗဟိုခရိုင်တရားရုံးက သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးကို စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းဖို့ ကြိုးပမ်းမှု မအောင်မြင်ပြီးနောက် သူ့ကိုဖမ်းဆီးဖို့ ကြိုးပမ်းမှုတွေကို တားဆီးတာ အပါအဝင် စွဲချက်တွေအတွက် ဇန်နဝါရီ ၁၆ ရက်က ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။

ပြစ်ဒဏ်စီရင်ချက်ကို တိုက်ရိုက်ထုတ်လွှင့်ပြသရာမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ယွန်းဆွတ်ခ်ယိုးက စစ်အုပ်ချုပ်ရေး ကြေညာချက်နဲ့ ဆက်စပ်တဲ့ ဖမ်းဝရမ်းကို အာဏာပိုင်တွေက အကောင်အထည်ဖော် ဆောင်ရွက်တာကို တားဆီးမှုနဲ့ သူ့မှာ အပြစ်ရှိကြောင်း ဆိုးလ်ဗဟိုခရိုင်တရားရုံးက တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် တရားဝင် စာရွက်စာတမ်းတွေကို လိမ်လည်ဖန်တီး အတုပြုလုပ်ခြင်းနဲ့ စစ်အုပ်ချုပ်ရေးအတွက် လိုအပ်တဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဖို့ ပျက်ကွက်ခြင်း အပါအဝင် စွဲချက်တွေအတွက်လည်း အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒီစီရင်ချက်ဟာ သမ္မတဟောင်း ယွန်းရဲ့ စစ်အုပ်ချုပ်ရေးကြေညာချက် ကျရှုံးမှုကြောင့် ရင်ဆိုင်နေရတဲ့ ရာဇ၀တ်မှု စွဲချက်တွေနဲ့ ဆက်စပ်တဲ့ ပထမဆုံးစွဲချက်ဖြစ်ပြီး အယူခံဝင်နိုင်ကြောင်းလည်း ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013