DVB Logo
Home
မြန်မာသတင်း
ဖိလစ်ပိုင်အစိုးရက မြန်မာစစ်တပ်နှင့် ဆက်ဆံနေမှုကို အရပ်ဖက်အဖွဲ့အစည်း ၁၀၀ ခန့် ရှုတ်ချ
DVB
·
January 16, 2026
ဖိလစ်ပိုင်အစိုးရက မြန်မာစစ်တပ်နှင့် ဆက်ဆံနေမှုကို အရပ်ဖက်အဖွဲ့အစည်း ၁၀၀ ခန့် ရှုတ်ချ
Donate to DVB

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရက်ဆာ ပရဲညို လာဇာရိုရဲ့ နေပြည်တော်ခရီးစဉ်မှာ မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့အပေါ် မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ ရှိတဲ့ အရပ်ဖက်အဖွဲ့အစည်း ၉၉ ဖွဲ့က ပြင်းထန်စွာရှုတ်ချကြောင်း ဇန်နဝါရီ ၁၅ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ပါတယ်။

ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း (Myanmar) က ဦးစီးပြီး ထုတ်ပြန်ခဲ့တဲ့ အဲဒီထုတ်ပြန်ချက်မှာ ဖိလစ်ပိုင်အစိုးရရဲ့ လုပ်ရပ်ဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ချိုးဖောက်နေပြီး တရားမဝင် စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှု ပေးအပ်ရာရောက်နေတယ်ဆိုပြီး ထောက်ပြထားပါတယ်။

အထူးသဖြင့် စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ အစီအစဉ်ကို ဆွေးနွေးခဲ့တာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုရာရောက်တယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ညွှန်းဆိုထားပါတယ်။

“စစ်အုပ်စုကို မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် ဆက်ဆံခြင်းဟာ ရာဇဝတ်ကောင်တွေကို ဆုချသလို ဖြစ်နေရုံတင်မကဘဲ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုပါ အန္တရာယ်ဖြစ်စေပါတယ်” လို့ အဖွဲ့အစည်း ၉၉ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖိလစ်ပိုင်အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို တရားဝင်မှုပေးနေတဲ့ အဆင့်မြင့်ထိတွေ့မှုတွေကို ချက်ချင်းရပ်တန့်ဖို့ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို လူသိရှင်ကြား ငြင်းပယ်ဖို့နဲ့ NUG နဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့သာ တရားဝင် ထိတွေ့ဆက်ဆံဖို့လို့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013