DVB Logo
Home
အားကစား
ရီးရဲလ်အသင်း ဒုတိယတန်းဇယားအောက်က အသင်းငယ်လေးကို ရှုံးနိမ့် 
DVB
·
January 15, 2026
ရီးရဲလ်အသင်း ဒုတိယတန်းဇယားအောက်က အသင်းငယ်လေးကို ရှုံးနိမ့် 
Donate to DVB

ရီးရဲလ်မက်ဒရစ်အသင်းဟာ စပိန်ဒုတိတန်းကလပ် အယ်လ်ဘာစီတီကို ၃ ဂိုး ၂ ဂိုးနဲ့ အရေးနိမ့်ပြီး ကိုပါဒယ်ရေးဖလားပြိုင်ပွဲကနေ ထွက်ခွာလိုက်ရပါတယ်။

နည်းပြအပြောင်းအလဲလုပ်ထားတဲ့ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းဟာ ဇန်ဝါရီ ၁၅ ရက် ဒီကနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ စပိန်ဖလားပြိုင်ပွဲမှာ ဒုတိယတန်း အဆင့် ၁၇ မှာရှိနေတဲ့ အယ်လ်ဘာစီတီအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်လိုက်ရတာပါ။

ဒီပွဲရဲ့ ဦးဆောင်ဂိုးကို အယ်လ်ဘာစီတီအသင်း ကစားသမား ဗီလားက ပွဲချိန် ၄၂ မိနစ်မှာ သွင်းယူခဲ့ပြီး ပထမပိုင်း နာကျင်အချိန်ပိုမှာ ရီးရဲလ်တောင်ပံကစားသမား မက်စ်စတန်တူနိုက ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။

ဒါပေမဲ့ ဒုတိယပိုင်း ၈၂ မိနစ်မှာ ပြိုင်ဘက်အသင်းကပဲ ဦးဆောင်ဂိုး ထပ်သွင်းခဲ့ပြီး ဒီဂိုးကိုတော့ အယ်လ်ဘာစီတီ တိုက်စစ်မှူး ဘီတန်ကောက သွင်းခဲ့တာပါ။

အဲဒီနောက် နာကျင်အချိန်ပို ၉၁ မိနစ်မှာ ရီးရဲလ်ကစားသမား ဂါစီယာက ချေပဂိုးပြန်သွင်းခဲ့ပေမဲ့ ၉၄ မိနစ်မှာ ဘီတန်ကောကပဲ အနိုင်ဂိုးကို ထပ်သွင်းသွားခဲ့တဲ့အတွက် ရီးရဲလ်တို့ ရှုံးနိမ့်ခဲ့ရပါတယ်။

မက်ဒရစ်ကလပ်အနေနဲ့ ဒါဟာ ၅ ရက်အတွင်း ဒုတိယရှုံးပွဲ ကြုံခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်ကလည်း  အဓိကပြိုင်ဘက် ဘာစီလိုနာကို စပိန်စူပါဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်ပြီးနောက် နည်းပြအလွန်ဆိုကို ထုတ်ပယ်ခဲ့တဲ့ နောက်ထပ်အရှက်ရဖွယ်ရှုံးပွဲ ထပ်တွေ့ခဲ့တာပါ။

လက်ရှိ ရီးရဲလ်ဘီအသင်းနည်းပြ အာဘီလိုအာ ယာယီတာဝန်ယူနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာစီလိုနဲ့ပွဲ လူစာရင်းကနေ ကစားသမား ၅ ယောက် အပြောင်းအလဲလုပ်ခဲ့ပြီး  ဘောလုံးပိုင်ဆိုင်မှု ၇၈ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ဂိုးကန်သွင်းချက်တွေလည်း ပြိုင်ဘက်ထက် ၂ ဆနီးပါး အသာရခဲ့ပေမဲ့ ဒုတိယတန်းကလပ်ကို ရှုံးနိမ့်ပြီး ဆုဖလားတလုံးမျှော်လင့်ချက် လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013