DVB Logo
Home
နိုင်ငံတကာ
ဂျပန်ဝန်ကြီးချုပ်နှင့် တောင်ကိုရီးယားသမ္မတတို့  ဒရမ်အတူ တီးခတ်
DVB
·
January 14, 2026
ဂျပန်ဝန်ကြီးချုပ်နှင့် တောင်ကိုရီးယားသမ္မတတို့  ဒရမ်အတူ တီးခတ်
Donate to DVB

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိနဲ့ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင် တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ကေပေါ့ပ် နာမည်ကြီးသီချင်းတချို့ကို ဒရမ်အတူတီးခတ်ခဲ့ကြပါတယ်။

ဇန်နဝါရီ ၁၃ ရက်က တီးခတ်မှုမှတ်တမ်းကို ၁၄ ရက် မနက်မှာ တာကာအိချိရဲ့ ယူကျုဘ်ချန်နယ်မှာ တင်ထားတာ ဖြစ်ပါတယ်။

BTS သီချင်းတွေကစလို့ Kpop Demon Hunters ဇာတ်ကားထဲက ဇာတ်ဝင်သီချင်းတွေအထိ ခေါင်းဆောင် ၂ ယောက်က ဒရမ်လက်စွမ်းပြခဲ့ကြတာပါ။

သမ္မတ အီဂျယ်မြောင်ဟာ ၅ မိနစ်၊ ၁၀ မိနစ်အတွင်း ဒရမ် ဘယ်လိုတီးရမလဲ သင်ယူနိုင်ခဲ့တယ်လို့ ဝါရင့်ဒရမ်သမားတယောက်ဖြစ်တဲ့ ဝန်ကြီးချုပ် တာကာအိချိက ချီးကျူးပါတယ်။

တီးခတ်တဲ့ စည်းဝါးတွေ ကွဲပြားပေမဲ့ နှလုံးသားတစိတ်တည်းနဲ့ အနာဂတ်ဦးတည်ချက်ရှိတဲ့ ဆက်ဆံရေးကို ဖန်တီးသွားမယ်လို့ သမ္မတအီဂျယ်မြောင်က X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

တဖက်မှာလည်း ဇန်နဝါရီ ၁၂ ရက်တုန်းက ဂျာမနီအဓိပတိ ဖရိုင်းဒရစ်မာ့ဇ်ဟာ အိန္ဒိယခရီးစဉ်အတွင်း ဝန်ကြီးချုပ် နာရန်ဒြာမိုဒီနဲ့ စွန်လွှတ်ကစားခဲ့ကြပါသေးတယ်။

အိန္ဒိယနိုင်ငံ အာမက်ဒါဘတ်မြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ စွန်ပွဲတော်မှာ ဝင်ရောက်ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။

ဂျာမနီအဓိပတိရဲ့ ဒီခရီးစဉ်ဟာ လုံခြုံရေး၊ ကာကွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013