DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယားသမ္မတ၏ တောင်းပန်စကားအပေါ် မြောက်ကိုရီးယားက ကြိုဆို
DVB
·
April 7, 2026
Photo: JEON HEON-KYUN/Pool via REUTERS
Photo: JEON HEON-KYUN/Pool via REUTERS
Donate to DVB

မြောက်ကိုရီးယားပိုင်နက်ထဲ ဒရုန်းတွေ ဝင်ရောက်ခဲ့တဲ့အပေါ် နောင်တရကြောင်း တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်က ထုတ်ဖော်ပြောကြားခဲ့တာဟာ “တောင်ကိုရီးယားနိုင်ငံအတွက် အင်မတန်ကံကောင်းပြီး ဉာဏ်ကြီးတဲ့လုပ်ရပ်” ဖြစ်တယ်လို့ မြောက်ကိုရီးယားက ဧပြီ ၆ ရက်မှာ ပြောကြားလိုက်ပါတယ်။ 

“ဒါဟာ ပွင့်လင်းပြီး သဘောထားကြီးတဲ့ လူတယောက်ရဲ့ ရပ်တည်ချက်ကို ပြသလိုက်တာပဲလို့ မှတ်ချက်ပေးပါတယ်” လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ သြဇာကြီးတဲ့ ညီမဖြစ်သူ ကင်မ်ယိုးဂျုံက  KCNA သတင်းဌာနကနေတဆင့် ထုတ်ပြန်ရာမှာ ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် “တောင်ကိုရီးယားဘက်က ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ အရေးကြီးဆုံးပါလို့ နှုတ်ဖျားကပဲ ပြောမနေဘဲ သူတို့ရဲ့ ကိုယ်ပိုင်လုံခြုံရေး အတွက် မြောက်ကိုရီးယားအပေါ် မဆင်မခြင် ရန်စနေတာတွေကို အမှန်တကယ် ရပ်တန့်ရမှာ ဖြစ်သလို၊ ဘယ်လို ထိတွေ့ဆက်ဆံဖို့ ကြိုးစားတာမျိုးကိုမဆို ရှောင်ကြဉ်ရပါလိမ့်မယ်”လို့လည်း သတိပေး ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ကိုရီးယားဘက်က လွှတ်လိုက်တဲ့ ဒရုန်းတွေဟာ သူတို့ရဲ့ ဝေဟင်ပိုင်နက်ကို ကျူးကျော်ခဲ့တာကြောင့် ဒါဟာ ပြင်းထန်တဲ့ ရန်စမှုဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲထားပြီး အဲဒီဒရုန်းတွေကိုလည်း ပစ်ချလိုက်ပြီလို့ ဆိုပါတယ်။ 

အခုလို တင်းမာမှုတွေ ဖြစ်နေချိန်မှာ သမ္မတ အီဂျယ်မြောင် က တောင်းပန်စကား ဆိုလာတာဟာ လတ်တလောနှစ်ပိုင်းတွေအတွင်း တင်းမာမှုတွေ ဆက်တိုက်ရှိနေခဲ့တဲ့ ၂ နိုင်ငံ ဆက်ဆံရေးမှာ တောင်ကိုရီးယားဘက်က ထူးထူးခြားခြား သဘောထား ပျော့ပျောင်းမှုတရပ်လို့လည်း ဆိုပါတယ်။ 

ကင်မ်ယိုးဂျုံဟာ မြောက်ကိုရီးယားရဲ့ နိုင်ငံခြားရေးမူဝါဒတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးလေ့ရှိသူဖြစ်ပြီး သူ့ရဲ့စကားတွေဟာ အစ်ကိုဖြစ်သူရဲ့ သဘောထားကို ထင်ဟပ်နေတတ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013