DVB Logo
Home
နိုင်ငံတကာ
မူးယစ်ဆေးဓာတ်ခွဲခန်းများကို မက္ကဆီကိုရေတပ် ဖျက်သိမ်း
DVB
·
January 13, 2026
မူးယစ်ဆေးဓာတ်ခွဲခန်းများကို မက္ကဆီကိုရေတပ် ဖျက်သိမ်း
Donate to DVB

မက္ကဆီကိုရေတပ်ဟာ ပြည်နယ် ၃ ခုမှာရှိတဲ့ လျှို့ဝှက်မူးယစ်ဆေးဓာတ်ခွဲခန်းတွေကို ဖျက်သိမ်းခဲ့ပြီး မူးယစ်ဆေးဝါးတွေနဲ့ ဓာတုဗေဒဆိုင်ရာ ထုတ်ကုန်တွေကို သိမ်းဆည်းခဲ့တယ်လို့ ရေတပ်က ဇန်နဝါရီ ၁၂ ရက်မှာ အသိပေးခဲ့ပါတယ်။

မူးယစ်ဆေးဝါး ဓာတ်ခွဲခန်းတွေကို ဒူရန်ဂို၊ ဆီနာလိုအာနဲ့ မီချွာကန် ပြည်နယ်တွေထဲမှာ ဖော်ထုတ်နိုင်ခဲ့တာပါ။

ရေတပ်က ဒူရန်ဂိုနဲ့ ဆီနာလိုအာ နယ်စပ်က မီချွာကန်နဲ့ ဆီယယ်ရာ မာဒရေ အောက်စီ ဒန်တယ်လ် တောင်ကြားတို့မှာ စစ်ဆင်ရေးလုပ်ခဲ့တဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို မျှဝေခဲ့ပါတယ်။

ဒူရန်ဂိုမှာ အရာရှိတွေက ဓာတုဆေးဝါးတွေ ထုတ်လုပ်ရာမှာ သုံးတဲ့ ဓာတုဗေဒဆိုင်ရာ ထုတ်ကုန်တွေနဲ့ တခြားပစ္စည်းတွေ ၁,၁၅၀ လီတာနဲ့ ၆၉၅ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေတပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆီနာလိုအာမှာ မူးယစ်ဆေးဝါး ၇၅၀ ကီလိုဂရမ်ခန့် သိမ်းဆည်းရမိခဲ့ပြီး မီချွာကန်ပြည်နယ်မှာလည်း ဓာတုဗေဒဆိုင်ရာထုတ်ကုန် ၉,၇၀၀ လီတာနဲ့ ၅၀၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့အပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က Fox News သတင်းဌာနကို မှတ်ချက်ပေးရာမှာ မူးယစ်ဂိုဏ်းတွေက မက္ကဆီကိုနိုင်ငံကို အုပ်ချုပ်နေပြီး အမေရိကန်က သူတို့ကို တိုက်ဖျက်ဖို့ မြေပြင်ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တယ်လို့ ပြောပြီးတဲ့နောက် မက္ကဆီကိုအစိုးရက စစ်ဆင်ရေးတွေကို ကြေညာခဲ့တာပါ။

တနင်္လာနေ့မှာ ထရမ့်ပ်ကို ဖုန်းနဲ့ စကားပြောဆိုပြီးတဲ့နောက် မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိုင်းဘောင်းက ဘယ်လိုစစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုကိုမဆို ငြင်းဆိုခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013