DVB Logo
Home
မြန်မာသတင်း
တရားမျှတမှုရရေး  ရိုဟင်ဂျာများ မျှော်လင့်
DVB
·
January 13, 2026
တရားမျှတမှုရရေး  ရိုဟင်ဂျာများ မျှော်လင့်
Donate to DVB

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ စတင်ကြားနာချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေက တရားမျှတမှုအတွက် မျှော်လင့်တဲ့အကြောင်း  ဇန်နဝါရီ ၁၂ ရက်မှာ ထုတ်ပြောခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ၇၃၀,၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ မောင်းထုတ်ခဲ့တဲ့ စစ်ရေးနှိမ်နင်းမှုအတွင်း မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ အနောက်အာဖရိကက မွတ်စလင်အများစုနေတဲ့ ဂမ်ဘီယာနိုင်ငံက စွပ်စွပြီး အမှုကို ၂၀၁၉ ခုနှစ်မှာ တင်သွင်းခဲ့ပါတယ်။

စစ်ဆင်ရေးမှာ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်တွေ ပါနေတယ်လို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးလုပ်ငန်းအဖွဲ့က နောက်ပိုင်းမှာ ကောက်ချက်ချခဲ့ပါတယ်။

မြန်မာနိုင်ငံကတော့  စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး စစ်ဆင်ရေးတွေအတွင်း  ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့တွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ကြားနာမှုတွေဟာ ဆယ်စုနှစ်တခုကျော်အတွင်း ICJ ရှေ့မှောက်မှာ စွဲဆိုကြားနာတဲ့ ပထမဆုံး လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း ကုတုပါလောင်မှာ အိုးမဲ့အိမ်မဲ့ ရိုဟင်ဂျာတွေက နှစ်ပေါင်းများစွာ ပြည်ပရောက် နေထိုင်ခဲ့ရမှုအပေါ် ဝမ်းနည်းကြေကွဲရတယ်လို့ ပြောခဲ့ကြပါတယ်။ အပြစ်ရှိသူတွေကို တရားစွဲဆိုပေးပါလို့ အသက် ၃၈ နှစ်အရွယ် ရာရှီဒါ ဘီဂမ်က ပြောပါတယ်။

အမှုက အဆုံးသတ်ဖို့ နှစ်ပေါင်းများစွာ ကြာနိုင်ပေမဲ့ ဒုက္ခသည်တွေနဲ့ ရှေ့နေတွေက တာဝန်ခံမှုနဲ့အတူ နောက်ဆုံးမှာ မွေးရပ်မြေဆီ ပြန်လာဖို့ လမ်းခင်းပေးနိုင်ရေး မျှော်လင့်နေကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013