DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို ပြန်လွှတ်ပေးရန် တောင်းဆို
DVB
·
January 13, 2026
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို ပြန်လွှတ်ပေးရန် တောင်းဆို
Donate to DVB

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ ပါကစ္စတန် တာရိခ်အင်ဆက်ဖ်ပါတီကို ထောက်ခံသူတွေဟာ ဇန်နဝါရီ ၁၁ ရက်က ကရာချိမြို့မှာ စုဝေးပွဲတခု လုပ်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်းကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆင်းဒ်ပြည်နယ်အစိုးရက ဘားဂျနာ့သ်ပန်းခြံမှာ လူထုစုဝေးပွဲတရပ် ကျင်းပဖို့ PTI ကို ခွင့်ပြုချက် ပေးခဲ့ပေမဲ့ ပါတီက ခွင့်ပြုချက်ရဖို့ နှောင့်နှေးမှုကို ထောက်ပြခဲ့ပြီး နိုင်ငံတည်ထောင်သူရဲ့ ဂူဗိမာန်ဖြစ်တဲ့ မက်ဇားကွိုက်ရဲ့ ဝင်ပေါက်တံခါးနားမှာ ကျင်းပဖို့ နေရာပြောင်းမယ်လို့ နောက်ဆုံးမိနစ်မှာ အချိန်ကပ်ပြီး ကြေညာခဲ့ပါတယ်။

အပြောင်းအလဲရှိပေမဲ့ PTI ကို ထောက်ခံသူတွေက မူလက ကြေညာထားတဲ့နေရာမှာ စုဝေးခဲ့ကြပါတယ်။

ခီဘာ ပတ်ခ်တွန်ခွာ ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ဆိုဟေး အာဖရီဒီက လူအုပ်ကို လူစုခွဲဖို့ ရဲတွေကို ပစ်ခတ်ခိုင်းခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့က လူစုလူဝေးကို ဖြိုခွင်းဖို့ ကြိုးစားနေတုန်း နောက်ထပ် ဆူပူတာတွေ ဖြစ်ခဲ့တဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။

ဒေသခံမီဒီယာအဖွဲ့တွေက သတင်းယူတာကို ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် မီဒီယာတွေရဲ့ ကားတွေ အမြောက်အမြား ဖျက်ဆီးခံခဲ့ရပါတယ်။

PTI အရာရှိတွေက သူတို့ပါတီဟာ ရွေးချယ်ထားတဲ့နေရာကို ရောက်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ထောက်ခံသူတွေဟာလည်း ရဲတပ်ဖွဲ့ရဲ့ ဝင်ရောက်စွက်ဖက်မှုကို ခံခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013