DVB Logo
Home
အားကစား
အားနည်းချက်ကို အကောင်းဆုံးစွမ်းရည်ဖြင့် တုံ့ပြန်ရန် မန်ယူအသင်းသားများကို နည်းပြဖလက်ချာ တိုက်တွန်း
DVB
·
January 12, 2026
အားနည်းချက်ကို အကောင်းဆုံးစွမ်းရည်ဖြင့် တုံ့ပြန်ရန် မန်ယူအသင်းသားများကို နည်းပြဖလက်ချာ တိုက်တွန်း
Donate to DVB

အားနည်းချက်တွေရှိတာကို အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ ပြန်လည်တုံ့ပြန်ကြဖို့ မန်ယူအသင်းသားတွေကို နည်းပြဖလက်ချာက တိုက်တွန်းသွားပါတယ်။

ဘရိုက်တန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ပြီး အက်ဖ်အေဖလား တတိယအဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် အသင်းသားတွေကို ယာယီနည်းပြ ဖလက်ချာက တိုက်တွန်းခဲ့တာပါ။

ဘရိုက်တန်နဲ့ပွဲမှာ အသင်းရဲ့ အားနည်းချက်တွေကို တွေ့မြင်နိုင်ပေမဲ့ အဲဒီအပေါ် ပြန်လည်တုံ့ပြန်ဖို့ လိုအပ်ကြောင်း၊ ယုံကြည်မှုက ဘောလုံးမှာ အရေးပါဆုံး အရာတခုဖြစ်ပြီး နက်နက်ရှိုင်းရှိုင်း ကြိုးပမ်းမှုကနေ ယုံကြည်မှု ပြန်ရလာနိုင်ကြောင်း နည်းပြဖလက်ချာက ပြောပါတယ်။

ဒီပွဲစဉ်ဟာ ယာယီနည်းပြအဖြစ် ဖလက်ချာရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်ပြီး ပထမပွဲစဉ်အဖြစ် ဘန်လေနဲ့ပွဲမှာလည်း သရေရလဒ်သာ ရယူနိုင်ခဲ့တာပါ။

လက်ရှိအသင်းရဲ့ အခြေအနေက မန်ယူနိုက်တက်ရဲ့ အဆင့်အတန်းမှာ မရှိသလို အသင်းရဲ့ မျှော်မှန်းချက်နဲ့လည်း ကိုက်ညီမှုမရှိသေးကြောင်း၊ အသင်းသားတွေအနေနဲ့ လာမဲ့နှစ် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရှေ့ဆက်သွားရမှာဖြစ်ကြောင်း ဖလက်ချာက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013