DVB Logo
Home
မြန်မာသတင်း
ရန်ကုန်က မဲရုံအချို့ကို စစ်ခေါင်းဆောင်လိုက်ကြည့်
DVB
·
January 11, 2026
ရန်ကုန်က မဲရုံအချို့ကို စစ်ခေါင်းဆောင်လိုက်ကြည့်
1 / 3
Donate to DVB

အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပနေတဲ့ ဇန်နဝါရီ ၁၁ ရက် ဒီကနေ့ မနက်ပိုင်းမှာ ရန်ကုန်က မဲရုံတချို့ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

အင်းစိန်၊ လှိုင်နဲ့ လသာမြို့နယ်ထဲက မဲရုံအချို့ကိုသွားပြီး မဲဆန္ဒရှင် ပြည်သူတွေနဲ့ တွေ့ဆုံစကားပြောတာ၊ မဲရုံထဲ ဝင်ကြည့်တာတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။

စစ်ခေါင်းဆောင်ရဲ့ လမ်းကြောင်း ရှိနေတာကြောင့် ရန်ကုန်မှာ မနေ့က ညပိုင်းကတည်းက လုံခြုံရေး တင်းကျပ်ထားကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးဆေးနေပြီး ဒီကနေ့မ နက်ပိုင်းမှာလည်း မြို့နယ်အများစုမှာ လုံခြုံရေး တင်းကျပ်ထားတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ ကျင်းပမဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ရန်ကုန်တိုင်းအတွင်းက ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နဲ့ အင်းစိန်မြို့နယ်တို့ ပါဝင်နေပြီး မနက် ၆ နာရီမှာ မဲရုံတွေ စဖွင့်လှစ် မဲပေးနေကြပါတယ်။

အဲဒီ မြို့နယ် ၁၆ မြို့နယ်မှာ မဲရုံပေါင်း ၁,၁၇၁ ရုံ ဖွင့်လှစ်ထားပြီး  ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ၁၅ သိန်းကျော် ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ်ပေါင်း ၁၀၀ မှာ ရွေကောက်ပွဲအပိုင်း ၂ ကို ကျင်းပတာ ဖြစ်ပြီး ပြည်သူတွေ မဲထွက်ပေးကြဖို့ ဖိအားပေးခိုင်းစေတာမျိုးတွေရှိတယ်လို့လည်း သိရပါတယ်။

ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတယောက်က  "မနေ့က တနေကုန်နဲ့ ညကလည်း တညလုံးပဲ၊ စစ်ကားအကြီးအသေးတွေ ခြံရံပြီးတော့ လိုက်အော်နေတာ၊ မဲသွားပေးကြဖို့၊ အင်အားပြပြီးတော့ ဖိအားပေးနေတာ" လို့ ပြောပါတယ်။

ရွေးကောက်ပွဲ အပိုင်း  ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့ပြီး မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်  ၁၁ သန်းကျော်ရှိတဲ့အနက် မဲပေးသူ  ၆ သန်းကျော်ရှိတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူက ပြောထားပါတယ်။

ဒီရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းတာတွေ၊ ကြိုတင်မဲနဲ့ မဲပေးစက်ပြဿနာတွေ အပါအဝင် မဲမသမာမှုတွေရှိခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေက တိုင်ကြားထားပါတယ်။ 

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013