DVB Logo
Home
အားကစား
စူပါဖလားဗိုလ်လုပွဲ၌ အကောင်းဆုံးစွမ်းဆောင်ရည် ထုတ်ပြရန် ဘာစီလိုနာနည်းပြ တိုက်တွန်း
DVB
·
January 11, 2026
စူပါဖလားဗိုလ်လုပွဲ၌ အကောင်းဆုံးစွမ်းဆောင်ရည် ထုတ်ပြရန် ဘာစီလိုနာနည်းပြ တိုက်တွန်း
Donate to DVB

ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားသွားရမဲ့ စပိန်စူပါဖလားဗိုလ်လုပွဲမှာ အကောင်းဆုံးစွမ်းဆောင်ရည် ထုတ်ပြန်ဖို့ အသင်းသားတွေကို ဘာစီလိုနာ နည်းပြ ဟန်ဆီဖလစ်ခ်က တိုက်တွန်းသွားပါတယ်။ 

ဘာစီလိုနာဟာ ဆီမီးဖိုင်နယ်မှာ ဘီလ်ဘာအိုကို ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး အဲဒီပွဲက စွမ်းဆောင်ရည်အတိုင်း ရီးရဲလ်နဲ့ ပွဲမှာ ကစားဖို့ တိုက်တွန်းခဲ့တာပါ။

အယ်လ်ကလက်စီကို ဒါဘီပွဲစဉ်ဖြစ်လို့ ဘီလ်ဘာအိုနဲ့ ပွဲစဉ်ကလို ကစားနိုင်ဖို့ မျှော်လင့်ပြီး ကွင်းထဲမှာ အကောင်းဆုံးစွမ်းဆောင်ရည် မြင်တွေ့ချင်ကြောင်း၊ မက်ဒရစ်က ကမ္ဘာ့အဆင့် ကစားသမားတွေရှိတဲ့ အသင်းကောင်းဖြစ်ပေမဲ့ မိမိရဲ့အသင်းအပေါ်မှပဲ အာရုံစိုက်ထားပြီး ဆုဖလားရယူသွားချင်ကြောင်း နည်းပြဖလစ်ခ်က ပြောပါတယ်။

ရီးရဲလ်အသင်းဟာ ဆီမီးဖိုင်နယ်မှာ အက်သလက်တီကို အသင်းကို  ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်လာခဲ့တာပါ။

ဒီနှစ်သင်းဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလက နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး ရီးရဲလ်က အိမ်ကွင်း ဘာနေဗျူးမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013