DVB Logo
Home
နိုင်ငံတကာ
မြောက်ကိုရီးယားကို ဒရုန်းပစ်ခတ်မှု တောင်ကိုရီးယားငြင်းဆို၊ ရန်စရန် ရည်ရွယ်ချက်မရှိဟုဆို 
DVB
·
January 11, 2026
မြောက်ကိုရီးယားကို ဒရုန်းပစ်ခတ်မှု တောင်ကိုရီးယားငြင်းဆို၊ ရန်စရန် ရည်ရွယ်ချက်မရှိဟုဆို 
Donate to DVB

မြောက်ကိုရီးယားက စွပ်စွဲတဲ့ မောင်းသူမဲ့လေယာဉ်ကို မပိုင်ဆိုင်သလို အိမ်နီးချင်းကို ရန်စဖို့ ရည်ရွယ်ချက်လည်း မရှိဘူးလို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၀ ရက်မှာ ပြောပါတယ်။

တောင်ကိုရီးယား အမျိုးသားကာကွယ်ရေးမူဝါဒဆိုင်ရာ ဒုဝန်ကြီးကင်ဟောင်ချူးလ်က “ကနဦး စုံစမ်းစစ်ဆေးမှုရလဒ်အနေနဲ့ ကျနော်တို့ရဲ့စစ်တပ်မှာ ဒီလိုမောင်းသူမဲ့လေယာဉ်တွေကို မပိုင်ဆိုင်ထားတဲ့အပြင် မြောက်ကိုရီးယားက ကြေညာတဲ့ရက်စွဲမှာ ဘယ်လို မောင်းသူမဲ့လေယာဉ်ကိုမှ ကျနော်တို့သုံးထားတဲ့ မှတ်တမ်းမရှိပါဘူး”လို့ ပြောရင်း မြောက်ကိုရီးယားရဲ့ ပြောဆိုချက်တွေကို တုံ့ပြန်တဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ 

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ လျှော့ချဖို့နဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ရည်ရွယ်တဲ့ ကြိုးပမ်းချက်တွေကို တောင်ကိုရီးယားအစိုးရက ဆက်လုပ်သွားမယ်လို့ ကင်မ်က ထပ်ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားကို ရန်စဖို့၊ လှုံ့ဆော်ဖို့ ရည်ရွယ်ချက်မရှိဘဲ ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှုတွေကို လျှော့ချဖို့နဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ခိုင်မာတဲ့အစီအမံတွေနဲ့ ရေရှည်ကြိုးပမ်းချက်တွေကို ဆက်လုပ်သွားမယ်လို့လည်း ပြောပါတယ်။

တောင်ကိုရီးယားဟာ ဇန်နဝါရီ ၄ ရက်မှာ သူ့လေပိုင်နက်ထဲ နောက်ထပ်ဒရုန်းတစင်း ပျံသန်းခဲ့ပြီး အချုပ်အခြာ အာဏာကို ချိုးဖောက်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ KRTက စနေနေ့မှာ ဖော်ပြခဲ့တာပါ။

ဒရုန်းဟာ အင်ချွန်က ကျွန်းတကျွန်းမှာ ဆင်းသက်လာပြီး ပစ်ချမခံရမီ ၅ မိုင်လောက် ပျံသန်းခဲ့တယ်၊ အဓိကအဆောက်အအုံတွေကို မှတ်တမ်းတင်ထားတဲ့ စောင့်ကြည့်ကင်မရာတွေလည်း တပ်ဆင်ထားတယ်လို့ KRT သတင်းမှာ ဖော်ပြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013