DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်၏ ထိုင်းခရီးစဉ်အတွင်း ဖမ်းဆီးခံရသည့် မြန်မာ ၂ ဦး ပြန်မလွတ်သေး
DVB
·
January 10, 2026
စစ်ခေါင်းဆောင်၏ ထိုင်းခရီးစဉ်အတွင်း ဖမ်းဆီးခံရသည့် မြန်မာ ၂ ဦး ပြန်မလွတ်သေး
Donate to DVB

မြန်မာစစ်ခေါင်းဆောင်ရဲ့ ၂၀၂၅ ထိုင်းခရီးစဉ်အတွင်း ဆန္ဒပြဖို့ စီစဉ်ခဲ့တဲ့ မြန်မာလူငယ် ၂ ယောက် ဖမ်းဆီးခံထားရတာ ၉ လကျော် ရှိနေပြီး ၂ နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားစေမှုကြောင့်ဆိုကာ အခုအချိန်အထိ ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။

၂၀၂၅ ဧပြီလ ၃ ရက်က  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက် BIMSTEC အစည်းအဝေး ခရီးစဉ်အတွင်း ဆန္ဒပြဖို့ စီစဉ်ခဲ့တဲ့ ကိုဖြိုးပိုင်နဲ့ ကိုနိုင်နိုင်စိုးတို့ ဖမ်းဆီးခံထားရတာ အချိန် ၉ လကျော် ရှိသွားပါပြီ။

သူတို့ ၂ ယောက်အတွက် ပြီးခဲ့တဲ့လတွေက အယူခံဝင်ဖို့ အာမခံတင်ပြခဲ့ပေမဲ့ ၂ နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားစေမှုကြောင့်ဆိုကာ အာမခံပယ်ချခံခဲ့ရပါတယ်။ အချိန် ၉ လကျော်ကြာ ထိန်းသိမ်းခံထားရတာကြောင့် သူတို့ ၂ ယောက် အမြန်ဆုံး ပြန်လွတ်မြောက်ဖို့အတွက်လည်း ထိုင်းလူ့အခွင့်အရေးရှေ့နေတွေက ကူညီပေးနေပါတယ်။

New Power Generation အဖွဲ့မှ တက်ကြွလှုပ်ရှားသူ ကိုဖြိုးပိုင်က “ထိုင်းပြည်သူတွေနဲ့ မြန်မာပြည်သူတွေကို ကျနော်တို့က သိအောင် ပြောချင်တယ်။ ဒီကိစ္စက လုံးဝ တရားမျှတမှု မရှိဘူး။ ထိုင်းအာဏာပိုင်တွေအနေနဲ့ ကျနော်တို့ကို တဖက်သတ်ကြီး လုပ်တဲ့ကိစ္စ ဖြစ်နေတယ်။ ကျနော်တို့က သူတို့ပြောတဲ့ သူတို့ လက်ရှိ အာမခံပယ်ချတယ်ဆိုတာ ၂ နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားစေမှုလို့ စွပ်စွဲတယ်။  ၂ နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားစေတယ်ဆိုရအောင် မင်းအောင်လှိုင်က လက်ရှိ မြန်မာပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ မဟုတ်ဘူး။ ကျနော်တို့ မြန်မာပြည်သူတွေဘက်က မရပ်ဘဲ ထိုင်းအာဏာပိုင်တွေအနေနဲ့ ဘာလို့ မင်းအောင်လှိုင် စစ်တပ်ဘက်က ရပ်နေတာလဲ။ နိုင်ငံတကာမှာ ရှိတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဒီကိစ္စက လုံးဝ တရားမျှတမှု မရှိဘူး။ ကျနော်တို့ကို တတ်နိုင်ရင် ဝိုင်းဝန်းပြီး ကူညီဖို့ ကျနော့်အနေနဲ့ ဒီနေရာကနေ မေတ္တာရပ်ခံပါတယ်”လို့ ပြောပါတယ်။

ဆန္ဒပြဖို့ စီစဉ်ခဲ့တဲ့ ကိုဖြိုးပိုင်နဲ့ ကိုနိုင်နိုင်စိုးတို့ ၂ ယောက်ကို  ၂ နိုင်ငံ ချစ်ကြည်‌ရေးပျက်ပြားစေမှု၊ ထိုင်းနိုင်ငံတည့်တံ့ခိုင်မြဲရေးကို ထိပါးစေမှု၊ ထိုင်းနိုင်ငံ လူမှုအသိုက်အဝန်းကို မငြိမ်မသက် အန္တရာယ် ဖြစ်စေမှု၊ ထိုင်းနိုင်ငံသားတွေရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေမှု အပါအဝင် အမှုပေါင်း ၇ မှုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်ခရိုင်၊ ဘန်ခဲလူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း (IDC)မှာ ဖမ်းဆီးထားပြီး၊ လက်ရှိအချိန်ထိ ပြန်မလွတ်သေးတာကြောင့် မိသားစုဝင်တွေကလည်း စိုးရိမ် ပူပန်နေကြပါတယ်။

ဖမ်းဆီးခံထားရသူ ကိုနိုင်နိုင်စိုးက “ဘာကြောင့် အာမခံ မရလဲဆိုတော့ မြန်မာစစ်တပ်ဘက်က တားထားတယ်လို့ပဲ မြင်တယ်။ ၂ နိုင်ငံ ချစ်ကြည်ရေးပုံစံမျိုးပေါ့။ ၂ နိုင်ငံ ချစ်ကြည်ရေး ထိခိုက်စေတယ် ပုံစံမျိုး ပြောတယ်။ ဒီထဲကနေ လွတ်ဖို့ပဲ အကူအညီ လိုအပ်တာပေါ့။ လွတ်မြောက်ချင်တယ်။ ဒီထဲမှာလည်း ကြာနေပြီဆိုတော့။ အာမခံ ပယ်ချခံရတာလည်း ၂ လရှိပြီ။ သူတို့က နောက်ထပ် လုံလောက်တဲ့ အကြောင်းအရာ တင်ပြလို့ ရသေးတယ် ပြောပေမဲ့ ကျနော်တို့ တင်ပြတာ ဒီထက် လုံလောက်တာ ဘာထပ်ရှိသေးလဲပေါ့”လို့ ပြောပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစင်တာ (IDC)မှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက မြန်မာစစ်တပ်လက်ထဲ တိုက်ရိုက် လွှဲပြောင်းပေးတာတွေလည်း ရှိနေပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013