DVB Logo
Home
နိုင်ငံတကာ
သကြားလျှော့စားရန်နှင့် အရက်ကိုကန့်သတ်ရန် အမေရိကန်ပြည်သူများကို ထရမ့်ပ်အစိုးရ တိုက်တွန်း 
DVB
·
January 9, 2026
သကြားလျှော့စားရန်နှင့် အရက်ကိုကန့်သတ်ရန် အမေရိကန်ပြည်သူများကို ထရမ့်ပ်အစိုးရ တိုက်တွန်း 
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရက အမေရိကန်ပြည်သူ ကျန်းမာအောင် ရည်ရွယ်တဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် ပရိုတင်းအသားဓာတ်ကို ပိုစားဖို့၊ သကြားလျှော့စားဖို့နဲ့ အရက်ကို ကန့်သတ်ဖို့၊ ပြုပြင်ထားတဲ့ အစားအစာတွေကို ရှောင်ကြဉ်ဖို့ တိုက်တွန်းတဲ့ အမေရိကန် အစားအသောက် လမ်းညွှန်ချက်တွေကို ဇန်နဝါရီ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှုဌာန (HHS) နဲ့ စိုက်ပျိုးရေးဌာနက ၅ နှစ်တကြိမ် ထုတ်ပြန်တဲ့ လမ်းညွှန်ချက်တွေဟာ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ကောက်နှံစေ့တွေနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေကို ဆက်ထိန်းသိမ်းထားပေမဲ့ သကြားကို ပိုမိုတင်းတင်းကျပ်ကျပ် တားမြစ်လိုက်ပါတယ်။

အရက်ဆိုင်ရာ အကြံပြုချက်တွေကတော့ အသင့်အတင့်သောက်သုံးဖို့ အကြံပြုချက်ကနေ သတ်မှတ်ထားတဲ့ နေ့စဉ်ကန့်သတ်ချက်အဆင့်ကို ပြောင်းထားပါတယ်။

ကျန်းမာရေးဝန်ကြီး ရောဘတ်အက်ဖ် ကနေဒီ ဂျူနီယာနဲ့ စိုက်ပျိုးရေးဝန်ကြီး ဘရွတ်ရိုလင်းစ်တို့က ဒီအပြောင်းအလဲအတွက် ရပ်တည် ကာကွယ်ပေးထားပါတယ်။

စားသောက်ကုန်လုပ်ငန်းတွေရဲ့ လွှမ်းမိုးမှုတွေကို ခံနေရတယ်လို့ စွပ်စွဲခံရတဲ့ အကြံပေးကော်မတီကို ပြုပြင်ပြောင်းလဲမဲ့ အစီအစဉ်တွေကို ဝန်ကြီးတွေက ထောက်ခံခဲ့တာပါ။

ဆေးဘက်စောင့်ရှောက်မှုနဲ့ ဆေးဘက်အကူအညီဌာနမှ ဒေါက်တာ မာမက်အိုဇ်က အရက်ကို အသင့်အတင့်သာသောက်ဖို့ အလေးပေးပြောခဲ့ပြီး မနက်ခင်းမှာ မသောက်ဖို့ မှတ်ချက်ပြုခဲ့ပါတယ်။

နောက်ဆုံးဖြည့်သွင်းထားတဲ့ အချက်အလက်တွေဟာ အစားအသောက်နဲ့ ဆက်စပ်နေတဲ့ နာတာရှည်ရောဂါတွေကို လျှော့ချဖို့နဲ့ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေ ရိုးရှင်းစေဖို့ ရည်ရွယ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013