DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် အရက်ရောင်းချချိန် ပြန်လည်ဖြေလျှော့ပေး
DVB
·
December 3, 2025
ထိုင်းတွင် အရက်ရောင်းချချိန် ပြန်လည်ဖြေလျှော့ပေး
Donate to DVB

ထိုင်းနိုင်ငံမှာ မတော်တဆထိခိုက်မှု လျှော့ချရေးအတွက် အရက်ရောင်းချချိန်၊ ဆိုင်ထိုင်သောက်ချိန်တွေကို ကန့်သတ်ထားရာက ပွင့်လင်းရာသီ ခရီးသွားလုပ်ငန်းအတွက် အဆိုပါ ကန့်သတ်ချိန်တွေ ပြန်လည်ဖြေလျှော့ပေးလိုက်တယ်လို့ ထိုင်းဝန်ကြီးများရုံးက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့စာမှာ ဒီကြေညာချက်ဟာ ဒီဇင်ဘာ ၃ ရက်က စတင်အသက်ဝင်မယ်၊ ပြီးခဲ့တဲ့ ၂၀၂၅ ဇွန် ၂၃ ရက်က ဝန်ကြီးများရုံးက ထုတ်ပြန်ထားတဲ့ ယမကာရောင်းချချိန်နဲ့ ပတ်သက်တဲ့ ကြေညာချက် ပြန်လည်ရုပ်သိမ်းတယ်လို့ ဆိုပါတယ်။

မူလကြေညာချက်မှာ အရက်ကို မနက် ၁၁ နာရီကနေ နေ့လယ် ၂ နာရီတွင်းနဲ့ ညနေ ၅ နာရီကနေ ညသန်းခေါင် ၁၂ နာရီထိသာ ရောင်းချခွင့်ပြုမယ်၊ ကျန်တဲ့အချိန်မှာ ရောင်းချခွင့်မပြု ဆိုတဲ့  ကန့်သတ်ချက်ကို ပြန်ရုပ်သိမ်းတယ်။ ဒါပေမဲ့ ရက်ပေါင်း ၁၈၀ ကာလ (၆ လ) အတွင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂ ရက် ကြေညာချက်အသစ်အရ မနက် ၁၁ နာရီမှ ည ၁၂ နာရီထိ အရက်ရောင်းချခွင့်ရှိမှာ ဖြစ်ပါတယ်။

ဆိုင်ထိုင် အရက်သောက်ချိန် ည ၁၂ နာရီထက် မပိုရဆိုတဲ့ ကန့်သတ်ချက်မှာလည်း မနက် ၁ နာရီထိ အချိန်တိုးမြှင့်လိုက်တယ်။ မနက် ၁ နာရီထိ ဆိုင်မှာ ထိုင်သောက်နိုင်ပြီး ရက်ပေါင်း ၁၈၀ ကာလအတွင်း ဖြစ်ပါတယ်။

အဆိုပါကြေညာချက်ဟာ တရားဝင် အရက်ရောင်းချခွင့်ရှိတဲ့ ဆိုင်တွေအတွက်သာဖြစ်ပြီး တရားမဝင် အရက်ဆိုင်တွေကတော့ ဥပဒေနဲ့ မညီညွတ်ပါဘူး။

ထိုင်းမှာ ပွင့်လင်းရာသီ ခရစ္စမတ်ပွဲ၊ နှစ်သစ်ကူးပွဲ ကာလတွေအတွင်း မတော်တဆ ထိခိုက်မှုတွေ ပိုများပြီး အထူးသဖြင့် နေ့လယ် ၂ နာရီမှ ၅ နာရီကြားနဲ့ မနက် ၂ နာရီနဲ့ ၃ နာရီကြားမှာ ဖြစ်လေ့ရှိတာကြောင့် ထိုင်းနိုင်ငံ အဖျော်ယမကာဥပဒေဆိုင်ရာ ကော်မတီက အရက်ရောင်းချိန် ကန့်သတ်ဖို့ ဝန်ကြီးများအဖွဲ့ကို အဆိုပြုခဲ့တာပါ။

ဒါပေမဲ့ အဆိုပါပြဋ္ဌာန်းချက်ကို စီးပွားရေးလုပ်ငန်းရှင်နဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူတွေက တိုင်းပြည်ဝင်ငွေ လျော့နည်းနိုင်ကြောင်း ထောက်ပြတာကြောင့် အခုလို ပြန်လည်ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။

Source: PPTV HD 36

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013