DVB Logo
Home
မြန်မာသတင်း
မြန်မာ့သကြားဝယ်ရန် ကမ်းလှမ်းမှုရှိသော်လည်း ထုတ်လုပ်မှုမပြည့်မည်ကို တင်ပို့သူများ စိုးရိမ် 
DVB
·
September 23, 2026
Photo : MyanTrade
Photo : MyanTrade
Donate to DVB

မြန်မာ့သကြားကို ပြည်ပနိုင်ငံတွေက အမှာစာတွေရှိပေမဲ့ တင်ပို့တဲ့လုပ်ငန်းရှင်တွေအနေနဲ့ ထုတ်လုပ်မှုမပြည့်မီမှာကို စိုးရိမ်တာကြောင့် တွန့်ဆုတ်နေရတယ်လို့ မြန်မာနိုင်ငံ သကြားနဲ့ ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းဆီကနေ သိရပါတယ်။

မြန်မာ့သကြားကို ဗီယက်နမ်နဲ့ စင်ကာပူနဲ့ တရုတ်နိုင်ငံတို့က အဓိကဝယ်ယူနေပြီး နယ်စပ်လမ်းကြောင်းကနေတဆင့် အဓိကတင်ပို့နေတာဖြစ်ပါတယ်။

အခုအခါမှာတော့ တောင်ကိုရီယားနိုင်ငံအပါအဝင် တခြားနိုင်ငံအချို့ကို မြန်မာနိုင်ငံက သကြားကို ဝယ်ယူလိုကြောင်း ကမ်းလှမ်းမှုတွေရှိတယ်လို့ သိရပါတယ်။

သကြားတင်ပို့သူတယောက်က “ပြည်ပအမှာတွေကတော့ ရှိတယ်။ ဒါပေမဲ့ ပို့တဲ့သူတွေက ပမာဏမပြည့်မီမှာကို စိုးရိမ်နေကြတယ်။ ဘာလို့ဆို သကြားစက်ရုံတော်တော်များများက နယ်မြေမအေးချမ်းတဲ့ ဒေသတွေမှာရှိတယ်။ သူတို့တွေက Export သိပ်မလုပ်နိုင်ဘူး။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကလည်းရှိတယ်။ အဲဒါကြောင့် တင်ပို့တဲ့သူတွေက တွန့်ဆုတ်နေကြတယ်။ စာချုပ်မချုပ်နိုင်ကြဘူး” လို့ ပြောပါတယ်။

ကိုဗစ် (၁၉) ကပ်ရောဂါမတိုင်ခင်ကာလမှာ ပြည်ပကို သကြားတင်ပို့မှု တန်ချိန် ၁ သိန်းကျော်ရှိခဲ့ပြီး အဲဒီနောက်ပိုင်းကစလို့ တန်ချိန် ၅၀,၀၀၀ ဝန်းကျင်ပဲ တင်ပို့နိုင်တော့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ သကြားစက်ရုံပေါင်း ၂၃ ရုံ၊ ကြံစိုက်ဧကပေါင်း ၄ ဒသမ ၅ သိန်းကျော်ရှိပြီး နှစ်စဉ် သကြားထုတ်လုပ်ကတော့ ပျမ်းမျှ တန်ချိန်ပေါင်း ၄ သိန်းခွဲကနေ ၅ သိန်းကြား ရှိတယ်လို့ သိရပါတယ်။

သကြစက်ရုံအများစုဟာ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အဓိကတည်ရှိနေတာဖြစ်ပြီး စစ်ကိုင်းတိုင်းမှာဆိုရင် ကသာ၊ ထီးချိုင့်၊ ကန့်ဘလူတဝိုက်မှာ ကြံစိုက်ဧကများပြီး သကြားစက်ရုံတွေ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013