DVB Logo
Home
နိုင်ငံတကာ
နိုင်ငံတကာအဖွဲ့အစည်း၊ ကွန်ဗင်းရှင်းနှင့် ပဋိညာဉ် ၆၆ ခုမှ နုတ်ထွက်ကြောင်း ထရမ့်ပ်ကြေညာ
DVB
·
January 8, 2026
နိုင်ငံတကာအဖွဲ့အစည်း၊ ကွန်ဗင်းရှင်းနှင့် ပဋိညာဉ် ၆၆ ခုမှ နုတ်ထွက်ကြောင်း ထရမ့်ပ်ကြေညာ
Donate to DVB

အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်း၊ ကွန်ဗင်းရှင်းနဲ့ ပဋိညာဉ်စာချုပ် စုစုပေါင်း ၆၆ ခုကနေ နုတ်ထွက်ကြောင်း သမ္မတရဲ့ ညွှန်ကြားလွှာကို ဒေါ်နယ်ထရမ့်ပ်က  ဇန်နဝါရီ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ 

အဲဒီထဲမှာ ကုလသမဂ္ဂမဟုတ်တဲ့ အစုအဖွဲ့ ၃၅ ခုနဲ့ ကုလသမဂ္ဂ လက်အောက်ခံ အစုအဖွဲ့ ၃၁ ခု ပါဝင်ပါတယ်။

နုတ်ထွက်လိုက်တဲ့စာရင်းမှာ ၂၀၁၅ ပါရီ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်ကို ဖြစ်ပေါ်စေတဲ့ မိခင်အဖွဲ့ကြီးဖြစ်တဲ့ UNFCCC ခေါ် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းလည်း ပါဝင်ပါတယ်။

ဒါ့အပြင် ကျားမတန်းတူညီမျှရေးဆိုင်ရာ UN Women အဖွဲ့နဲ့ နိုင်ငံပေါင်း ၁၅၀ ကျော်မှာ မိခင်နဲ့ ကလေးကျန်းမာရေးကိစ္စတွေ လုပ်ဆောင်ပေးနေတဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) တို့ကနေလည်း နုတ်ထွက်မယ်လို့ ဆိုပါတယ်။

ဒီလိုနုတ်ထွက်တာဟာ ဥပဒေအရ ခွင့်ပြုထားတဲ့အတိုင်းအတာထိ ဒီအဖွဲ့တွေမှာ ပါဝင်တာနဲ့ ရန်ပုံငွေထောက်ပံ့တာတွေကို ရပ်စဲလိုက်တာ ဖြစ်တယ်လို့  ညွှန်ကြားလွှာမှာ ဖော်ပြထားပါတယ်။

ထရမ့်ပ်ဟာ အရင်ကတည်းက ကုလသမဂ္ဂအဖွဲ့အစည်းအများအပြားအတွက် သဘောဆန္ဒအလျောက် ထောက်ပံ့တဲ့ ရန်ပုံငွေတွေကို ဖြတ်တောက်ခဲ့ပြီး ဖြစ်ပါတယ်။

အခုလုပ်ရပ်ကတော့ နိုင်ငံစုံပါဝင်တဲ့ အဖွဲ့အစည်းတွေ၊ အထူးသဖြင့် ကုလသမဂ္ဂအပေါ် ထရမ့်ပ်ရဲ့ အယုံအကြည်မရှိမှုကို ပြသနေတာပါ။

ဒီအဖွဲ့အစည်းတွေဟာ ထိရောက်မှုမရှိသလို ပွင့်လင်းမြင်သာမှုလည်း အားနည်းပြီး အမေရိကန်ရဲ့ အကျိုးစီးပွားကို ဆောင်ကြဉ်းပေးဖို့ ပျက်ကွက်တယ်လို့ ထရမ့်ပ်က ထပ်တလဲလဲ စွပ်စွဲပြောပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013