DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလားက ရေနံစည် သန်း ၃၀ မှ ၅၀ အထိ အမေရိကန်ကို လွှဲပြောင်းပေးမည်ဟု ထရမ့်ပ်ပြော
DVB
·
January 7, 2026
ဗင်နီဇွဲလားက ရေနံစည် သန်း ၃၀ မှ ၅၀ အထိ အမေရိကန်ကို လွှဲပြောင်းပေးမည်ဟု ထရမ့်ပ်ပြော
Donate to DVB

အမေရိကန်တပ်ဖွဲ့တွေက ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကို ဒီသီတင်းပတ်ကုန်မှာ ဖမ်းဆီးကာ ဖြုတ်ချခဲ့ပြီးနောက်မှာ ဗင်နီဇွဲလားနိုင်ငံရှိ ယာယီအာဏာပိုင်တွေဟာ အရည်အသွေးမြင့်ပြီး ပိတ်ဆို့ဒဏ်ခတ်မှုအောက်ရှိ ရေနံစည်ပေါင်း သန်း ၃၀ မှ သန်း ၅၀ အထိ အမေရိကန်ကို လွှဲပြောင်းပေးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။

ဒီရေနံကို ဈေးကွက်ပေါက်ဈေးနဲ့ ရောင်းချမှာဖြစ်ပြီး အဲဒီငွေကို အမေရိကန်သမ္မတအနေနဲ့ သူက ထိန်းချုပ်သွားမှာဖြစ်ပြီးတော့ ဗင်နီဇွဲလားနဲ့ အမေရိကန်ပြည်ထောင်စု ပြည်သူတွေအတွက် အကျိုးရှိအောင် အသုံးပြုသွားမှာပါလို့လည်း ထရမ့်ပ်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဒီအစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော် လုပ်ဆောင်ဖို့ စွမ်းအင်ဝန်ကြီး ခရစ်စ် ရိုက်ထ်ကို တောင်းဆိုထားကြောင်းလည်း ထရမ့်ပ်က ဆိုပါတယ်။

အဲဒီရေနံစည်တွေကို သိုလှောင်သင်္ဘောတွေက သွားယူဆောင်ကာ အမေရိကန်ပြည်ထောင်စု ကုန်ချဆိပ်ကမ်းကို တိုက်ရိုက်ယူဆောင်လာမှာဖြစ်ကြောင်းလည်း ထရမ့်ပ်က ရေးသားထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013