DVB Logo
Home
အားကစား
မန်ယူအသင်းကို ယာယီနည်းပြခွင့်ရတာ ဂုဏ်ယူစရာဟု  ဖလက်ချာပြော
DVB
·
January 7, 2026
မန်ယူအသင်းကို ယာယီနည်းပြခွင့်ရတာ ဂုဏ်ယူစရာဟု  ဖလက်ချာပြော
Donate to DVB

နည်းပြ အာမိုရင်ကို ထုတ်ပယ်လိုက်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းအတွက် နည်းပြသစ် မခန့်ရသေးခင် ယာယီနည်းပြအဖြစ် ခန့်အပ်ခံထားရတဲ့ ကစားသမားဟောင်း ဖလက်ချာက မန်ယူအသင်းကို အခုလို ဦးဆောင်ခွင့်ရတာ ဂုဏ်ယူစရာကောင်းတယ်လို့ ပြောတဲ့ အကြောင်း Sky sport က ဖော်ပြပါတယ်။

ဒါဟာ မယုံနိုင်စရာကောင်းတဲ့ အတွေ့အကြုံတခုဖြစ်ပြီး အသင်းကို ဒီလို ဦးဆောင်ခွင့်ရတာ တကယ့်ကို ဂုဏ်ယူစရာ ကိစ္စတခုဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒါအပြင် သူ့အနေနဲ့ ဒီလိုအခွင့်အရေးရဖို့ အိပ်မက်တောင် မမက်ဖူးဘူးလို့ ဆိုပါတယ်။ မန်ယူကစားသမားဟောင်းနဲ့ U-18 လူငယ်အသင်း နည်းပြ ဖလက်ချာဟာ နည်းပြအထုတ်ခံထား မန်ချက်စတာယူနိုက်တက်အသင်းကို မနက်ဖြန်ကစားမဲ့ ဘန်လေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကိုင်တွယ်နည်းပြခွင့်ရထားတာ ဖြစ်ပါတယ်။

နည်းပြအာမိုရင်ကို ထုတ်ပယ်ထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြသစ်ရှာဖွေနေပြီး ချဲလ်ဆီးနည်းပြဟောင်း မာရက်စ်ကာက နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေသလို အသင်းကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်သူ ဆိုးရှားလ်နဲ့လည်း စကားပြောနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

Photo: Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013