
ပြစ်မှုအလိုက် ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေသစ်ကို မတ် ၁၇ ရက်မှာ စတင်ပြဋ္ဌာန်းကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒီဥပဒေသစ်နဲ့အတူ အဟောင်းဖြစ်တဲ့ ၁၉၂၀ ပြည့်နှစ် ဥပဒေကိုလည်း ရုပ်သိမ်းလိုက်ပါတယ်။
ဥပဒေအသစ်အရ e-passport စနစ်ကို အသုံးပြုလာမှာဖြစ်ပြီး လျှောက်ထားတာ၊ သက်တမ်းတိုး တာ၊ ငြင်းပယ်တာနဲ့ ပယ်ဖျက်တာတွေကို တင်းကျပ် ထိန်းချုပ်သွားမှာပါ။
အခန်း ၈ ခန်းပါတဲ့ ဒီဥပဒေမှာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးတာ၊ အသုံးပြုတာ၊ သက်တမ်းတိုးတာ၊ ငြင်းပယ်တာ (ဒါမှမဟုတ်) ပယ်ဖျက်တာတို့ကို ဥပဒေနဲ့အညီ ဆောင်ရွက် ပေးနိုင်ဖို့ ပြည်ပနိုင်ငံတွေကို ခရီးသွားလာတာတွေကို စနစ်တကျ စီမံခန့်ခွဲဖို့လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးပျက်စီးတာတွေ ဖြစ်လာရင် အတုပြုလုပ်ရင် ဥပဒေ အရ ကာကွယ်ဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ဒီဥပဒေတွေမှာ ပြစ်မှုနဲ့ ပြစ်ဒဏ်အလိုက် အများဆုံး ထောင်ဒဏ် ၅ နှစ်နဲ့ အများဆုံး ငွေဒဏ်ကျပ် ၁၅ သိန်းအထိ ချမှတ်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။










