DVB Logo
Home
မြန်မာသတင်း
တယောက်တည်းပြိုင်ပြီးနိုင်သွားသူ ၃၀ ကျော်အပါအဝင် စစ်တပ်ရွေးကောက်ပွဲရလဒ် ထုတ်ပြန်
DVB
·
January 3, 2026
တယောက်တည်းပြိုင်ပြီးနိုင်သွားသူ ၃၀ ကျော်အပါအဝင် စစ်တပ်ရွေးကောက်ပွဲရလဒ် ထုတ်ပြန်
Donate to DVB

အာဏာသိမ်းစစ်တပ်ကကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့ပြိုင်ဘက်မရှိလို့ တယောက်တည်းပြိုင်ပြီး နိုင်သွားတဲ့ ၃၁ ယောက်အပါအဝင်  လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ရွေးခံရတယ်ဆိုတဲ့ စာရင်းတချို့ကို စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၂ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ပြည်သူ့လွှတ်တော်အတွက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်းတို့အတွက် မပြိုင်ဘဲနိုင်တဲ့ ၁၅ နေရာမှာ ကြံ့ခိုင်ရေးပါတီက ၁၄ နေရာရပြီး မိုးနဲမှာတော့ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) က တနေရာရပါတယ်။

အမျိုးသားလွှတ်တော်အတွက် ရှမ်းပြည်နယ်မှာ ‘ဝ’ အမျိုးသားပါတီက မပြိုင်ဘဲ တနေရာရပါတယ်။

တိုင်းနဲ့ပြည်နယ်လွှတ်တော်မှာတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်းတို့ကနေ မပြိုင်ဘဲနိုင်တဲ့ ၁၅ နေရာမှာ ကြံ့ခိုင်ရေးပါတီက ၁၄ နေရာရပြီး ရှမ်းပြည်နယ်မှာတော့ အာခါတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် အာခါ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက တနေရာရပါတယ်။

ပြီးတော့ ပြည်သူ့လွှတ်တော်အတွက် နေပြည်တော်၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်ပြည်နယ်တို့မှာ ကြံ့ခိုင်ရေးပါတီက ၂၄ နေရာနိုင်ပြီး မွန်ညီညွတ်ရေးပါတီက တနေရာရတယ်လို့ ကြေညာထားပါတယ်။

ရွေးခံရတယ်ဆိုတဲ့ ကိုယ်စားလှယ်စာရင်းကို ကြေညာလာပေမဲ့ မဲရလဒ်တွေကိုတော့ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို အပိုင်း ၃ ခုခွဲလုပ်နေတာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က  အပိုင်း ၁ ကို ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့တာပါ။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အစောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013