DVB Logo
Home
မြန်မာသတင်း
ဘူးလက်လှဆွေကို တစညပါတီက ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားသော်လည်း အရေးမယူ
DVB
·
January 2, 2026
ဘူးလက်လှဆွေကို တစညပါတီက ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားသော်လည်း အရေးမယူ
Donate to DVB

ကြံ့ခိုင်ရေးတီကိုယ်စားလှယ် ဘူးလက်လှဆွေကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဥက္ကဋ္ဌက ရွေးကောက်ပွဲကော်မရှင်ထံမှာ တိုင်ကြားခဲ့ပေမဲ့ အရေးယူတာ မရှိဘူးလို့ တစညပါတီဝင်တွေထံက သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက်မှာ ဘူးလက်လှဆွေက သူရဲ့ ဂျာနယ်မှာ တစညပါတီကို အပုတ်ချပြီးရေးသားခဲ့တာကြောင့် တစညပါတီခေါင်းဆောင်က  ဒီဇင်ဘာ ၂၄ ရက်မှာ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ဆီ တိုင်ကြားခဲ့ပေမဲ့ အရေးမယူခဲ့ဘူးလို့ ပါတီဝင်တယောက်က ပြောပါတယ်။

ပါတီအတွင်းအခြေအနေကို ကြံ့ခိုင်ရေးသတင်းထောက်တွေမေးရာမှာ ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်သန်းစိုးက “ကြံ့ခိုင်ရေးက လွှတ်တော်ကိုယ်စားလှယ်လောင်း ဘူးလက်လှဆွေက ဂျာနယ်မှာ တစညပါတီမကောင်းကြောင်းရေးတာကို ပါတီဥက္ကဋ္ဌက တိုင်ခဲ့ပေမဲ့ ရွေးကောက်ပွဲ ပြီးဆုံးသည့်အထိ အရေးမယူသေးဘူး” လို့ ပြောပါတယ်။

ဘူးလက်ဂျာနယ် အတွဲ ၇ အမှတ် ၄ မှာလည်း ဘူးလက်လှဆွေက “တစညပါတီအဓိကပြဿနာမှာ ခေါင်းဆောင်ပိုင်းနဲ့ လက်အောက်ပါတီဝင်တွေ ခါးဆက်ပြတ်နေပြီး ရုံးခန်းများစွာရှိနေခြင်း၊ လမ်းစဥ်ပါတီခေတ်ကတည်းက ရေရှည်ရပ်တည်လာပြီး လက်တွေ့မှာ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်မှာ မတွေ့ရသလောက်နည်းပါးနေခြင်း” စတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။

ဆောင်ပါးရှင် ဘူးလက်လှဆွေဟာ လွှတ်တော်ကိုယ်စားလှယ်လောင်း တယောက်အနေနဲ့ အခြေအမြစ်မရှိဘဲရေးသားခဲ့တာဖြစ်ပြီး၊ တစညပါတီဥက္ကဋ္ဌက စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ သတင်းမီဒီယာကောင်စီကို ဒီဇင်ဘာ ၂၄ ရက်က တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲပထမပိုင်းမှာ ဘူးလက်လှဆွေက ကြံ့ခိုင်ရေးပါတီကိုယ်စားပြုပြီး ပုဗ္ဗသီရိမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ပြိုင်ပြီး အနိုင်ရရှိထားပါတယ်။

တစညပါတီက စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲပထမပိုင်းမှာ တောင်တွင်းကြီး၊ ကြံခင်းနဲ့ သရက်မြို့နယ်တွေမှာ  ကိုယ်စားလှယ်လောင်း ၅ ယောက်  အနိုင်ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013