DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် KNA တပ်များဝင်လာမည်ကို စိုးရိမ်ပြီး မြို့လုံခြုံရေး တိုးမြှင့်
DVB
·
January 2, 2026
ဘားအံတွင် KNA တပ်များဝင်လာမည်ကို စိုးရိမ်ပြီး မြို့လုံခြုံရေး တိုးမြှင့်
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဇန်နဝါရီ ၂ ရက် ဒီနေ့ မနက်က BGF အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော် (KNA) တပ်ဖွဲ့တွေ ဝင်ရောက်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထားတယ်လို့ မြို့မိမြို့ဖတွေက ပြောပါတယ်။

ဒါအပြင် ကရင်အမျိုးသားတပ်မတော် (KNA) အနေနဲ့ တပ်မဟာ ၇ နယ်မြေအတွင်း KNLA နဲ့အတူ စစ်ရေးပူးပေါင်းလုပ်ဆောင်နေပြီလို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့အတွက် အခုလို လုံခြုံရေးတိုးမြှင့်ခဲ့တာလို့ ဆိုပါတယ်။

မြို့မိမြို့ဖတယောက်က “ဘားအံ အခြေအနေမကောင်းဘူး။ စိတ်မချရဘူး။ လှုပ်စိ လှုပ်စိပဲ။ ဘယ်တော့ ချမလဲ အဲပုံစံမျိုး။ မြို့ထဲကို ဝင်ရောက်တိုက်ခိုက်မှာ စိုးရိမ်နေတဲ့ ပုံစံ။ ဒေသခံတွေလည်း စိုးရိမ်နေတယ်။ ဘားအံမှာတော့ ပွင့်လင်းလင်းပြောရရင် အခုက ထိတ်ထိတ်လန့်လန့်ပဲ”လို့ ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁ ရက်ကစပြီး မြို့ဝင် မြို့ထွက်၊ လမ်းဆုံနေရာတွေမှာ စစ်တပ်နဲ့ ရဲတွေက ကား၊ ဆိုင်ကယ်တွေအပြင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ယာဉ်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့က စစ်တပ်ဩဇာခံ နယ်ခြားစောင့်တပ် (BGF) ကနေ ကရင်အမျိုးသားတပ်မတော် (KNA) တံဆိပ်တွေ ပြောင်းလဲတပ်ဆင်ပြီး သီးခြား လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ ရပ်တည်ခဲ့ပါတယ်။

လက်ရှိမှာလည်း နယ်ခြားစောင့်တပ်(BGF)ကနေ ကရင်အမျိုးသားတပ်မတော်(KNA) အသွင်ပြောင်းလဲတဲ့အပေါ် စစ်တပ် ဩဇာခံလို့တဲ့ BGF ခေါင်းဆောင်ပိုင်းတချို့က တံဆိပ်ပြောင်းပြီး သီးခြားရပ်တည်တာကို လက်မခံတာတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့ကစပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အနေနဲ့ စစ်တပ်ဆီက ရိက္ခာနဲ့လစာ ပံ့ပိုးမူတွေ မယူချင်တော့ကြောင်း တရားဝင်စာတင်ခဲ့ပြီး ကရင်အမျိုးသားတပ်မတော် (KNA) ပြောင်းလဲဖွဲ့စည်းဖို့ ကြိုးစားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013