DVB Logo
Home
နိုင်ငံတကာ
နယ်သာလန်တွင် သက်တမ်း ၁၅၄ နှစ်ရှိ ရှေးဟောင်း သမိုင်းဝင်ဘုရားကျောင်း မီးလောင်
DVB
·
January 1, 2026
နယ်သာလန်တွင် သက်တမ်း ၁၅၄ နှစ်ရှိ ရှေးဟောင်း သမိုင်းဝင်ဘုရားကျောင်း မီးလောင်
Donate to DVB

နှစ်သစ်ကူးကာလအတွင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက် ညပိုင်းက နယ်သာလန်နိုင်ငံရဲ့ မြို့တော် အမ်စတာဒမ်မှာ ကြီးမားတဲ့ မီးလောင်မှုတခု ဖြစ်ပွားခဲ့ပါတယ်။

သက်တမ်း ၁၅၄ နှစ်ရှိ ရှေးဟောင်းသမိုင်းဝင်  ဗွန်ဒယ်လ်ကာ့ခ် ဘုရားကျောင်းကြီးကို လုံးလုံးလျားလျား လောင်ကျွမ်းခဲ့ပြီး ဒါကို ကယ်တင်လို့ မရနိုင်တော့ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

နှစ်သစ်ကူးပွဲတော်တွေ ကျင်းပနေချိန် သန်းခေါင်ယံကျော်ပြီး မကြာခင်မှာပဲ ဖွှန်ဒယ်လ်ပါ့ခ် အနီးရှိ ဗွန်ဒယ်လ်ကာ့ခ် ရှေးဟောင်းဘုရားကျောင်းကြီး မီးလောင်ခံနေရတာကို ဒီဇင်ဘာ ၃၁ ရက်နဲ့ ဇန်နဝါရီ ၁ ရက်မှာ အနီးအနားရှိ လူနေရပ်ကွက်က ရိုက်ကူးထားတဲ့ မျက်မြင်သက်သေ ဗီဒီယိုတွေမှာ မြင်တွေ့ရပါတယ်။

ဒေသမီဒီယာ သတင်းအရ ဒေသစံတော်ချိန် မနက် ၂ နာရီခွဲလောက်မှာ ဘုရားကျောင်းကြီး မီးလောင်ခံခဲ့ရပြီး မီးလောင်မှုကို တုံ့ပြန်တဲ့အနေတဲ့ အရေးပေါ် ဝန်ဆောင်မှုအဖွဲ့တွေ ချက်ချင်းရောက်ရှိလာခဲ့ပါတယ်။

အစပိုင်းက မီးဟာ ဘုရားကျောင်းခေါင်မိုးကနေ စတင်လောင်ကျွမ်းပြီးတော့ အဆောက်အအုံတခုလုံးကို ခပ်မြန်မြန် ပျံ့နှံ့သွားခဲ့တယ်လို့ ဆိုပါတယ်။

ဧရာမ မီးလောင်ကျွမ်းမှုကို မီးသတ်သမားတွေ ဆက်လက်ငြှိမ်းသတ်နေချိန်မှာပဲ ဘုရားကျောင်းကြီးရဲ့ မျှော်စင်နဲ့ ခေါင်မိုးအစိတ်အပိုင်းတွေ ပြိုကျခဲ့ပါတယ်။

မီးလောင်နေတဲ့ အပျက်အစီးတွေကနေ မီးပွားတွေ လွင့်စင်တာကြောင့် အနီးအနားရှိ နေအိမ် အများအပြားကို အာဏာပိုင်တွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပြီး နေအိမ် ၉၀ လောက် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း ဒေသခံမီဒီယာ NOS က ဖော်ပြပါတယ်။

မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရိုက်တာသတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။ NOS ရဲ့ အဆိုအရ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပတ်သက်တဲ့ ချက်ချင်းသတင်းပို့ချက်တွေ မရရှိသေးဘဲ မီးလောင်မှုရဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

မီးသတ်သမားတွေနဲ့ အရေးပေါ်ဝန်ထမ်းတွေက အခြေအနေကို ထိန်းချုပ်နိုင်ဖို့နဲ့ လူနေဧရိယာတွေကို မီးလျှံတွေ မပျံ့နှံ့စေဖို့ တညလုံး ကြိုးပမ်းအားထုတ်ခဲ့ကြကြောင်း မီဒီယာသတင်း အများအပြားက အတည်ပြုခဲ့ပါတယ်။

နယ်သာလန်နိုင်ငံရဲ့ တခြားနေရာတွေမှာလည်း သီးခြားမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့ပြီး  ဒေသခံတွေ ဒါဇင်ပေါင်းများစွာကို ညတွင်းချင်း ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013