DVB Logo
Home
မြန်မာသတင်း
ကော့ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် မီးလောင်ပြီး အိမ် ၅၀ ခန့် ဆုံးရှုံး
DVB
·
December 31, 2025
ကော့ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် မီးလောင်ပြီး အိမ် ၅၀ ခန့် ဆုံးရှုံး
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဒီဇင်ဘာ ၂၈ ရက်က မီးလောင်မှုဖြစ်ပြီး နေအိမ်အလုံး ၅၀ နီးပါး ဆုံးရှုံးခဲ့ရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ကော့ဘဇားခရိုင်၊ အိုကီးယားမြို့နယ်အတွင်းမှာရှိတဲ့ အမှတ် ၂၄ စခန်းက စတင် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး အမှတ် ၂၅ စခန်းကိုပါ ကူးစက်ခဲ့ကာ အိမ်ပေါင်း ၅၀ နီးပါး ဆုံးရှုံးခဲ့ရတယ်လို့ ဒုက္ခသည်တယောက်ဖြစ်တဲ့ ကိုအဒူလာက ပြောပါတယ်။

“မီးလောင်မှုဖြစ်ပွားတာက အမှတ် ၂၄ စခန်းက စပြီး လောင်ကျွမ်းမှုဖြစ်တာ။ ဖုန်းအားသွင်းထားတာက အပူလွန်ကဲပြီးတော့ ပေါက်ကွဲမှုဖြစ်ကာ မီးလောင်တာလို့ သိရတယ်။ အမှတ် ၂၅ ဘက်က အိမ်တချို့လည်း မီးလောင် ပျက်စီးသွားတယ်။ လူအထိအခိုက်တော့ မရှိဘူး။ မီးသတ်တပ်ဖွဲ့တွေနဲ့ စခန်းကလူတွေ ကြိုးစားပြီး မီးငြှိမ်းသတ်နိုင်ခဲ့တာကြောင့် အဆုံးအရှုံးက အခုထက် ပိုမများခဲ့တာ။ အိမ်တွေက ဝါးအိမ်တွေ များတာကြောင့် မီးကူးစက်မှုက မြန်သွားတာ။”

ကော့ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ မကြာခဏဆိုသလို မီးလောင်မှု ဖြစ်ပွားလေ့ရှိပြီး နေအိမ်ဆုံးရှုံးမှုတွေလည်း ရှိကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်ကလည်း ကော့ဘဇားခရိုင်ရှိ အမှတ် ၄ ဒုက္ခသည်စခန်းအတွင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ်နဲ့ဆေးခန်းတွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းအတွင်းမှာ စစ်ကောင်စီရဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်က ထွက်ပြေးလာကြတဲ့ ဒုက္ခသည်ဦးရေ ၁ ဒသမ ၃ သန်းခန့် ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ စာရင်းတွေအရ သိရပါတယ်။

Photo: Md Hossain

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013