DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ် ကျန်းမာရေးချို့ယွင်းပြီး မာဒူရို ထွက်ပြေးရမည်ဟု ပီရူးနတ်ဆရာများ ဟောကိန်းထုတ်
DVB
·
December 30, 2025
ထရမ့်ပ် ကျန်းမာရေးချို့ယွင်းပြီး မာဒူရို ထွက်ပြေးရမည်ဟု ပီရူးနတ်ဆရာများ ဟောကိန်းထုတ်
Donate to DVB

၂၀၂၆ ခုနှစ်အတွင်း ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုတိုင်းပြည်က ထွက်ပြေးရမှာဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်လည်း ကျန်းမာရေး ဆိုးဆိုးရွားရွား ချို့ယွင်းနိုင်တယ်လို့ ပီရူးနတ်ဆရာတွေက ဟောကိန်းထုတ်လိုက်ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်က လီမာမြို့တောင်ပိုင်း ကမ်းခြေတခုမှာ နှစ်စဉ်ကျင်းပနေကျ နှစ်သစ်ကူး ရိုးရာပူဇော်ပွဲ ပြုလုပ်ရင်း အခုလို ဟောကိန်းထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရောင်စုံရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ နတ်ဆရာနဲ့ ဆေးဆရာတွေဟာ ကမ်းခြေရေစပ်မှာ စုဝေးပြီး အခမ်းအနားကို ပြုလုပ်ခဲ့ကြတာပါ။

အခမ်းအနားမှာ ထရမ့်ပ်၊ မာဒူရို၊ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးတို့ရဲ့ ဓာတ်ပုံတွေကို ပန်းတွေ၊ ကိုကာရွက်တွေ၊ ဦးခေါင်းခွံတွေနဲ့ ဝန်းရံထားပြီး အမွှေးတိုင်ထွန်းညှိ ပူဇော်ခဲ့ကြပါတယ်။

နတ်ဆရာ ဟွမ်ဒီဒီယိုဂါစီယာက ၂၀၂၆ ခုနှစ်မှာ မာဒူရို ရှုံးနိမ့်သွားတာကို အာရုံရတယ်လို့ ပြောပါတယ်။

ထရမ့်ပ်ရဲ့ဓာတ်ပုံကို ပန်းတွေနဲ့ ဝှေ့ယမ်းပြီး ၂၀၂၆ ခုနှစ်ကျရင် သူဟာ ဆိုးဆိုးရွားရွား နာမကျန်းဖြစ်မယ်လို့လည်း ဟောကိန်းထုတ်ခဲ့ပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဒီပဋိပက္ခဟာ ပြီးဆုံးသွားမှာဖြစ်သလို ငြိမ်းချမ်းရေးအလံ လွှင့်ထူနိုင်တာကို မြင်ယောင်တယ်လို့ ဂါစီယာက ဆိုပါတယ်။

ပီရူးပြည်တွင်းရေးရာနဲ့ ပတ်သက်ပြီးတော့လည်း အတိုက်အခံခေါင်းဆောင် ကေကိုဖူဂျီမိုရီဟာ ၂၀၂၆ ခုနှစ်မှာ သမ္မတဖြစ်လာမယ်လို့ ဟောကိန်းထုတ်ခဲ့ကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013