DVB Logo
Home
နိုင်ငံတကာ
မာဒူရို အဖမ်းခံရ၊ မရ ဒေါ်လာ ၄ သိန်း လောင်းခဲ့သည့် အမေရိကန်စစ်သား အမှုဖွင့်ခံရ
DVB
·
April 24, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဗင်နီဇွဲလားသမ္မတ မာဒူရို အဖမ်းခံရ၊ မရ အခြေအနေအပေါ် အလောင်းအစားလုပ်ခဲ့တဲ့ အမေရိကန်စစ်သားတယောက် အမှုဖွင့်ခံရပြီးနောက် အစိုးရဝန်ထမ်းတွေ အခုလို လောင်းကြေးစျေးကွက်တွေမှာ လောင်းကစားလုပ်နေတာကို စုံစမ်းစစ်ဆေးမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဧပြီ ၂၃ ရက်မှာ ပြောပါတယ်။

ဇန်နဝါရီလတုန်းက မာဒူရိုကို ဖမ်းဆီးတဲ့ စီမံချက်မှာ ပါဝင်ခဲ့တဲ့ စစ်သား ဂန်နွန်ကန်ဗန်ဒိုက်ခ်ဟာ အတွင်းသတင်းတွေကို သုံးပြီး ဒေါ်လာ ၄ သိန်းဖိုးလောက် အမြတ်ထုတ်ခဲ့တယ်လို့ တရားရေးဌာနက စွပ်စွဲထားတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာတော့ ထရမ့်ပ်က နာမည်ကြီး ဘေ့စ်ဘောကစားသမား ပိထ်ရို့စ် သူ့အသင်းအပေါ် သူပြန်လောင်းခဲ့တဲ့ ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ပြီး အရွှန်းဖောက်ခဲ့ပါတယ်။

“သူက မာဒူရို အဖမ်းခံရမယ် ဆိုတာကို လောင်းတာလား၊ မမိဘူးဆိုတာကို လောင်းတာလား” လို့ ထရမ့်ပ်က ပြန်မေးခဲ့ပြီး မာဒူရို ရာထူးကနေ ဖယ်ရှားခံရမဲ့အပေါ် လောင်းတာလို့ သိရတဲ့အခါ “ဒါက စိတ်ဝင်စားဖို့ကောင်းတယ်၊ ပိထ်ရို့စ်ကိစ္စနဲ့ ဆင်တူနေတယ်” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အီရန်ပဋိပက္ခလို စစ်ပွဲတွေအပေါ်မှာပါ အခုလို လောင်းကစားလုပ်နေကြတာနဲ့ ပတ်သက်လို့ ထရမ့်ပ်က “တလောကလုံးက ကာစီနိုရုံကြီးလို ဖြစ်နေပြီ။ ဒီလို လောင်းကစားပုံစံတွေကို မကြိုက်ဘူး” လို့ ပြောပါတယ်။

အခုခေတ်က အရင်နဲ့မတူဘဲ ဝက်ဘ်ဆိုက်တွေ၊ ခန့်မှန်းချက်စျေးကွက်တွေနဲ့ ကမ္ဘာကြီးက အရမ်းပြောင်းလဲသွားပြီ လို့လည်း သူက ဆိုပါတယ်။

အစိုးရဝန်ထမ်းတွေ အတွင်းသတင်းသုံးပြီး ချမ်းသာအောင် လုပ်နေတဲ့အပေါ် စိုးရိမ်သလားဆိုတဲ့ မေးခွန်းကိုတော့ သူကိုယ်တိုင်လည်း ဒါမျိုးကို အားမပေးကြောင်းနဲ့ ဒီကိစ္စကို သေချာပြန်စုံစမ်းကြည့်မယ်လို့ ထရမ့်ပ်က တုံ့ပြန်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013