DVB Logo
Home
အားကစား
Globe Soccer Award ကချီးမြှင့်သည့် အကောင်းဆုံးကစားသမားဆု ဒမ်ဘီလီ ထပ်မံရယူ
DVB
·
December 30, 2025
Globe Soccer Award ကချီးမြှင့်သည့် အကောင်းဆုံးကစားသမားဆု ဒမ်ဘီလီ ထပ်မံရယူ
Donate to DVB

ပီအက်စ်ဂျီတိုက်စစ်မှူး ဒမ်ဘီလီဟာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ Globe Soccer Award ဆုပေးပွဲမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ထပ်မံရယူနိုင်ခဲ့ပါတယ်။

ဘလွန်းဒီအောဆုနဲ့ ဖီဖာအကောင်းဆုံးဆုတွေရရှိထားတဲ့ ပြင်သစ်တိုက်စစ်မှူးဟာ နောက်ထပ် အကောင်းဆုံးဆုထပ်မံရ ယူနိုင်ခဲ့တာပါ။

ဒီဆုပေးပွဲမှာသက်ဆိုင်ရာအလိုက် အကောင်းဆုံးဆုအသီးသီးချီးမြှင့်ခဲ့ပြီး ဘာစီလိုနာ ဥက္ကဋ္ဌ လာပေါ်တာက မနှစ်က လာလီဂါဆုရရှိခဲ့တဲ့အပေါ် ဂုဏ်ပြုဆုကို လက်ခံရယူခဲ့ပါတယ်။

လာလီဂါရဲ့အသက် ၂၃ နှစ်အောက် အကောင်းဆုံးကစားသမားဆုကို လာမိန်းရာမဲလ်က ရရှိခဲ့ပြီး  အကောင်းဆုံးတိုက်စစ်ကစားသမားဆုလည်း ရရှိခဲ့ပါတယ်။

ဒီပွဲကို စီရော်နယ်ဒိုနဲ့အတူ စေ့စပ်ထားတဲ့ အတူနေချစ်သူ ဂျော်ဂျီနာရိုဒီဂွက်ဇ်တို့လည်း အတူ တက်ရောက်ခဲ့ပြီး ရော်နယ်ဒိုက အရှေ့အလယ်ပိုင်းရဲ့အကောင်းဆုံး ကစားသမားဆု ရခဲ့ပါတယ်။

ပေါ်တူဂီအသင်းက အကောင်းဆုံးလက်ရွေးစင်အသင်းဆုရရှိခဲ့ပြီး အေးဂျင့်မန်ဒက်စ်က အကောင်းဆုံးအေးဂျင့်ဆု ရရှိပါတယ်။

အကောင်းဆုံးအားကစားဒါရိုက်တာဆုကို ပီအက်စ်ဂျီက လူးဝစ်ကမ်ပိုစ် ကရရှိပြီး ဘာစီလိုနာ အမျိုးသမီးအသင်းက အကောင်းဆုံးအမျိုးသမီးအသင်းဆု ရရှိပါတယ်။

ကွယ်လွန်သူ ဂျိုတာနဲ့ အန်ဒရီတိုရဲ့ မိဘနှစ်ယောက်လည်း ဂုဏ်ပြုဆုရရှိခဲ့ပြီး  အထွန်းတောက်ဆုံး လူငယ်ကစားသမားဆုကို ပီအက်စ်ဂျီက ဒူယေက ရရှိခဲ့ပါတယ်။ စပိန်နဲ့ ဘာစီလိုနာဂန္ထဝင် အင်နီယေစတာလည်း  ဂုဏ်ပြုဆုကို လက်ခံရယူခဲ့ပါတယ်။

အကောင်းဆုံးကွင်း လယ်ကစားသမားဆုကို ပီအက်စ်ဂျီက ဗစ်တင်ညာက ရရှိပြီး ပေါ့ဘာဟာလည်း ဘောလုံးလောကဆီ တဖန်ပြန်လာနိုင်ခဲ့မှုအတွက် ဂုဏ်ပြုဆု ချီးမြှင့်ခံရပါတယ်။

အရှေ့အလယ်ပိုင်းမှာ အကောင်းဆုံးဆု ရခဲ့တဲ့ ရော်နယ်ဒိုကတော့ ဆုဖလားတွေနဲ့ ရည်မှန်းချက်တွေ ရယူဖို့ စိတ်အားထက်သန်နေဆဲဖြစ်ကြောင်းနဲ့  ဒဏ်ရာသာမရရှိဘူးဆိုရင် သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ သေချာကြောင်း ပြောပါတယ်။

ဒမ်ဘီလီကတော့ ကမ္ဘာ့အကောင်းဆုံးဆုအားလုံး ရရှိခဲ့တဲ့အပေါ် ဝမ်းမြောက်စကားဆိုခဲ့ပြီး အသင်းဖော်တွေ အပါအဝင် မိသားစုနဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ရှိကြောင်း ပြောသွားပါတယ်။

ဒီဆုပေးပွဲမှာ ဆားဘီးယား တင်းနစ်အကျော်အမော် ဂျိုကိုဗစ်က စီရော်နယ်ဒိုပေးအပ်တဲ့ Globe Sport Winner ဆု ချီးမြှင့်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013