DVB Logo
Home
မြန်မာသတင်း
မဲဆောက်ရောက်မြန်မာများ မဲမပေးပါက နယ်စပ်ဖြတ်ခွင့်လက်မှတ် ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်ခံရ
DVB
·
December 28, 2025
မဲဆောက်ရောက်မြန်မာများ မဲမပေးပါက နယ်စပ်ဖြတ်ခွင့်လက်မှတ် ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်ခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို မြဝတီမြို့ကနေ ၇ ရက် တပတ် တံဆိပ်တုံးထုပြီး အလည်အပတ် နေထိုင်သူတွေကို မြန်မာဘက်အခြမ်း တံတားစစ်ဆေးရေးဂိတ်က စစ်တပ်ပြုလုပ်တဲ့ ရွေးကောက်ပွဲကို မဲမပေးပါက နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် ပြန်သိမ်းယူပြီး တံတားဖြတ်သန်းခွင့် ပိတ်သိမ်းမယ်ဆိုလို့ မဲပြန်ပေးကြရတယ်လို့ မြဝတီခံတွေထံက သိရပါတယ်။

ဈေးရောင်းဈေးဝယ်နဲ့ မဖြစ်မနေ မဲဆောက်မြို့က ထိုင်းကျောင်းတွေမှာ ပညာလာသင်နေရတဲ့ မြန်မာကလေးတွေ မဲပေးဖို့ အသက်ပြည့်သူတွေကအစ မြန်မာဘက်အခြမ်း မြဝတီမြို့က လူဝင်မှုကြီးကြပ်ရေး လဝကတွေကပါ ခြိမ်းခြောက်ကာ စမက်ကတ်တွေ ပြန်သိမ်းပြီး ခရီးသွားလာခွင့် ပိတ်မယ်လို့ လုပ်ဆောင်နေကြောင်း ဆိုပါတယ်။

မြဝတီမြို့မှာ မဲသွားပေးရတဲ့ အမျိုးသမီးတယောက်က “၇ ရက်ပြည့်ဖို့ လိုသေးတယ်။ ဒါပေမဲ့ ဒီကနေ့ မဲသွားပေးရမှာလေ။ ရွေးကောက်ပွဲမှာ မဲလာမပေးရင် ကိုင်ထားတဲ့ စမတ်ကတ် ပြန်အသိမ်းခံရမှာလေ။ အရင်အပတ် တုံးထုကတည်းက မြန်မာဘက်အခြမ်းကနေ မှာလိုက်တာ” လို့ ပြောပါတယ်။

“အတုအယောင် ရွေးကောက်ပွဲ ဆိုတာလည်း သိတယ်၊ စစ်တပ်က မတရား အာဏာသိမ်းပြီး ရွေးကောက်ပွဲလုပ်တယ် ဆိုတာလည်း သိတယ်၊ မဲပြန်မပေးရင် မြဝတီကနေ မဲဆောက်ကို သွားလာလို့ရမှာ မဟုတ်တော့ဘူးလေ။ အဓိက သူတို့ မဲလာပေးတယ်ဆိုတဲ့ စာရင်းထဲ ပါသွားရင် ပြီးရော။ မဲရုံထဲရောက်မှ တွေ့သမျှခလုတ် အကုန်နှိပ်ပစ်မယ်။ တုံးထုရမယ်ဆိုလည်း တွေ့သမျှ အကုန်ထုပစ်မယ်” လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၇ ရက် ညကလည်း မြဝတီမြို့မှာ ဒရုန်းဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တာကြောင့် မဲရုံတွေမှာ မဲပေးသူတွေ သိပ်မတွေ့ရဘူးလို့ မြဝတီမြို့ခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013