DVB Logo
Home
အားကစား
စီရော်နယ်ဒို သွင်းဂိုး ၁,၀၀၀ ပြည့်ရန် နီးစပ်
DVB
·
December 28, 2025
စီရော်နယ်ဒို သွင်းဂိုး ၁,၀၀၀ ပြည့်ရန် နီးစပ်
Donate to DVB

၂၀၂၅ ခုနှစ်အတွင်းမှာ သွင်းဂိုး ၄၀ မြောက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ ကစားသမားဘဝတလျှောက် စုစုပေါင်းသွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ နီးစပ်လာပါတယ်။

ပေါ်တူဂီတိုက်စစ်မှူးဟာ အယ်လ်နာဆာက အယ်အက်ခ်ဒူကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းခဲ့ပြီး အခုနှစ်အတွင်းမှာ သွင်းဂိုး ၄၀ ပြည့်သွားခဲ့တာပါ။

ကစားသမားဘဝတလျှောက် သွင်းဂိုးအရေအတွက် ၉၅၆ ဂိုး ရှိလာတဲ့ စီရော်နယ်ဒိုဟာ သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဂိုး ၁,၀၀၀ ပြည့်ဖို့ ၄၄ ဂိုးပဲ လိုအပ်တော့တာပါ။

စီရော်နယ်ဒိုရဲ့ အမာခံပရိသတ်ဖြစ်တဲ့ အစီအစဉ်တက်ဆက်သူ ပီယာ့ မော်ဂန်ကတော့ သမိုင်းတလျှောက် အကောင်းဆုံးကစားသမား ဘယ်သူလဲ ဆိုတဲ့အပေါ် အမြင်တွေ ကွဲပြားနိုင်ပေမဲ့ ဘောလုံးပွဲတွေရဲ့ အခမ်းအနားဆုံးဖြစ်တဲ့ သွင်းဂိုးအများဆုံး ဘယ်သူလဲ ဆိုတဲ့အပိုင်းမှာတော့ စီရော်နယ်ဒိုက အငြင်းပွားဖွယ်မရှိ ဂိုးသွင်းအကောင်းဆုံးကစားသမားဖြစ်ကြောင်း ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013