DVB Logo
Home
မြန်မာသတင်း
AA ထိန်းချုပ်မြို့နယ်များ၌ ခရစ္စမတ်ပွဲတော် အကျဉ်းချုံး ကျင်းပ
DVB
·
December 26, 2025
AA ထိန်းချုပ်မြို့နယ်များ၌ ခရစ္စမတ်ပွဲတော် အကျဉ်းချုံး ကျင်းပ
1 / 11
Donate to DVB

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်က မြို့နယ်တွေနဲ့ ပလက်ဝမြို့နယ်တို့မှာ ခရစ္စမတ်ပွဲတော်ကို အကျဉ်းချုံး ကျင်းပခဲ့ကြတယ်လို့ ခရစ်ယာန် ဘာသာဝင်တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ် စိုးရိမ်ရတာကြောင့် ဒေသအာဏာပိုင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေဟာ ခရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ ကျင်းပခဲ့ကြတာဖြစ်ပြီး ဒေသအာဏာပိုင်တွေဘက်ကလည်း ကူညီပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်က မြောက်ဦး၊ မင်းပြား၊ အမ်း၊ ကျောက်တော်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ခရစ်ယာန်ဘာသာဝင်တွေ အများဆုံးနေထိုင်ကြတာဖြစ်ပြီး ချင်းလူမျိုးတွေနဲ့ ရခိုင်မျိုးနွယ်စုဝင်တွေ ဖြစ်တဲ့ မြိုလူမျိုးတွေက အများဆုံး ကိုးကွယ်ကြတာ ဖြစ်ပါတယ်။

အာရက္ခတပ်တော်ကလည်း ကမ္ဘာတဝန်းလုံးနဲ့ မြန်မာနိုင်ငံ အပါအဝင် AA ထိန်းချုပ်ဒေသက ခရစ်ယာန်ဘာသာဝင်တွေအတွက် ဆုတောင်းမေတ္တာပေးပို့တဲ့ သဝဏ်လွှာကိုလည်း ထုတ်ပြန်ထားပါတယ်။

Photo: APM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013