DVB Logo
Home
အားကစား
ပရီးမီးယားလိဂ် အမြန်ဆုံးကစားသမားစာရင်းအဖြစ် ဝုဗ်အသင်းမှ ဂျက်ဆန်ရှက်ချူအာ ဦးဆောင်
DVB
·
December 26, 2025
ပရီးမီးယားလိဂ် အမြန်ဆုံးကစားသမားစာရင်းအဖြစ် ဝုဗ်အသင်းမှ ဂျက်ဆန်ရှက်ချူအာ ဦးဆောင်
Donate to DVB

ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးကစားသမားစာရင်းမှာ ဝုဗ်အသင်းရဲ့ ကစားသမားတယောက်က ထိပ်ဆုံး အဆင့်တစ်နေရာကနေ ဦးဆောင်နေပါတယ်။

Opta လို့ခေါ်တဲ့ ဘောလုံးအချက်အလက် သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ပရီးမီးယားလိဂ်မှာ အမြန်ဆုံးကစားသမားက ဝုဗ်ညာစွန်ကစားသမား ဂျက်ဆန်ရှက်ချူအာ ဖြစ်ပြီး သူ့ရဲ့အမြန်နှုန်းက  တနာရီကို  ၂၃ ဒသမ ၂ မိုင်အထိ ရှိခဲ့တာပါ။

အသက် ၂၄ နှစ်ရှိ ကင်မရွန်းသား ရှက်ချူအာဟာ အခုနှစ်ရာသီအစကမှ အီတလီကလပ် ဗီရိုနာကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ပရီးမီးယားလိဂ် ၁၆ ပွဲ ကစားထားပါတယ်။

ဒုတိယအမြန်ဆုံးကစားသမားက စပါးနောက်ခံလူ အူဒိုဂီဖြစ်ပြီး တနာရီကို ၂၂ ဒသမ ၆ မိုင်နှုန်း ရှိတယ်လို့ ဖော်ပြပါတယ်။

တတိယအမြန်ဆုံး ကစားသမားက မန်ယူတိုက်စစ်ကစားသမား အမ်ဘူမိုဖြစ်ပြီး တနာရီကို ၂၂ ဒသမ ၅၈ မိုင်နှုန်းရှိကြောင်း ဖော်ပြပါတယ်။

အမ်ဘူမိုရဲ့နောက်မှာ ချဲလ်ဆီးက နီတို၊ နယူးကာဆယ်က ဂေါ်ဒွန်တို့က အစဉ်လိုက်ရပ်တည်နေပြီး ထိပ်ဆုံး ၁၀ ယောက်စာရင်းမှာ ဟာလန်းနဲ့ ထရာအိုရေးတို့လို ကစားသမားကတော့ မပါဝင်ပါဘူး။

ပရီးမီးယားလိဂ်သမိုင်းမှာ မြန်နှုန်းမြင့်ကစားသမားတွေအဖြစ် မိုက်ကယ်အိုဝင်၊ အွန်နရီ၊ စီရော်နယ်ဒို၊ ကိုင်ဝေါ်ကာ၊ ဂါရတ်ဘေးလ် အစရှိတဲ့ကစားသမားတွေက နာမည်ကျော်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013