
အာဆင်နယ်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ဟာ အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်ဖို့ ထိုက်တန်သူ ဖြစ်ကြောင်း ဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်နီက ချီးကျူးသွားပါတယ်။
ရိုက်စ်ဟာ အာဆင်နယ်အသင်းမှာ အကောင်းဆုံးစွမ်းဆောင်ရည် ပြသနေပြီး အဲဗာတန်ကို အနိုင်ရတဲ့ပွဲက ကစားပုံအပေါ်မှာလည်း ဝိန်းရွန်နီက အားရကျေနပ်ခဲ့တာပါ။
အဲဗာတန်နဲ့ပွဲမှာ ရိုက်စ်က ကွင်းရဲ့ နေရာအားလုံး လိုက်ပါကစားခဲ့ပြီး ဗဟိုခံစစ်မှူးတယောက်ရဲ့ နေရာကနေ တိုက်စစ်မှူးတယောက်ရဲ့ နေရာအထိ အတက်အဆင်းမြန်မြန်နဲ့ ကစားသွားခဲ့ကြောင်း ရွန်နီက ပြောပါတယ်။
ရိုက်စ်ဟာ ဟယ်ရီကိန်း အလွန်မှာ အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်လာမှာဖြစ်ပြီး သူ့ရဲ့ ကွင်းလယ်ကနေ မောင်းနှင်အားနဲ့ ကိုယ်ရည်ကိုယ်သွေးရှိမှုတွေက အင်္ဂလန်အသင်းခေါင်းဆောင် ရာထူးနဲ့လည်း ထိုက်တန်မှုရှိကြောင်း ဝိန်းရွန်နီက ချီးကျူးသွားပါတယ်။










