DVB Logo
Home
နိုင်ငံတကာ
ခရစ္စမတ်မတိုင်မီ စစ်မှုထမ်း ၁ သန်းကျော်အတွက် အထူးအစုရှယ်ယာခွဲပေးမည်ဟု ထရမ့်ပ် ကြေညာ
DVB
·
December 18, 2025
ခရစ္စမတ်မတိုင်မီ စစ်မှုထမ်း ၁ သန်းကျော်အတွက် အထူးအစုရှယ်ယာခွဲပေးမည်ဟု ထရမ့်ပ် ကြေညာ
Donate to DVB

အမေရိကန်စစ်မှုထမ်း ၁ ဒသမ ၄၅ သန်းကျော်ဟာ ခရစ္စမတ်မတိုင်မီ အထူးစစ်မှုထမ်းအစုရှယ်ယာခွဲဝေမှုကို ရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဒီဇင်ဘာ ၁၇ ရက်မှာ ကြေညာပါတယ်။

အခွန်ကောက်ခံမှုကနေ ရတဲ့ဝင်ငွေနဲ့ မကြာသေးမီက အတည်ပြုခဲ့တဲ့ “One Big Beautiful Bill” ဥပဒေမူကြမ်းတို့ကို ကိုးကားပြီး ခုလို ပြောလိုက်တာပါ။

တနိုင်ငံလုံးကို ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောရာမှာ ထရမ့်ပ်က အရည်အချင်းပြည့်မီတဲ့ စစ်မှုထမ်းတယောက်စီတိုင်းဟာ ဒေါ်လာ ၁,၇၇၆ ပေးချေမှု ရမှာဖြစ်ပြီး၊ အမေရိကန်ကို တည်ထောင်တဲ့ ခုနှစ်ကို ဂုဏ်ပြုတဲ့ပမာဏ ဖြစ်တယ်လို့လည်း ပြောပါတယ်။ 

ချက်လက်မှတ်တွေ ထုတ်ပေးနေပြီလို့ သမ္မတက ပြောခဲ့ပြီး အစုရှယ်ယာခွဲဝေမှုကို စစ်မှုထမ်းခြင်းအတွက် အသိအမှတ်ပြုမှုလို့လည်း ခေါ်ဆိုခဲ့ပါတယ်။ ထရမ့်ပ်က ငွေပေးချေမှုတွေကို အခွန်ကောက်ခံမှုဝင်ငွေနဲ့ မကြာသေးမီက ဥပဒေပြုရေးအစီအမံတွေကတဆင့် ရန်ပုံငွေထောက်ပံ့နေတာလို့ ပြောပါတယ်။

အစိုးရရဲ့ ပိုကျယ်ပြန့်တဲ့ စီးပွားရေးနဲ့ ကာကွယ်ရေးအစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ဒီအစီအစဉ်ကို ပုံဖော်ပေးခဲ့တာလို့လည်း ထရမ့်ပ်က ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013