DVB Logo
Home
နိုင်ငံတကာ
ထိုင်ဝမ်ကို အမေရိကန်က ဒေါ်လာ ၁၁ ဘီလီယံကျော်တန်ဖိုးရှိ လက်နက်များ ရောင်းမည် 
DVB
·
December 18, 2025
ထိုင်ဝမ်ကို အမေရိကန်က ဒေါ်လာ ၁၁ ဘီလီယံကျော်တန်ဖိုးရှိ လက်နက်များ ရောင်းမည် 
Donate to DVB

အမေရိကန်ပြည်ထောင်စုဟာ ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချမှုကို ဒီဇင်ဘာ ၁၇ ရက်မှာ အတည်ပြုခဲ့ပြီး ဒါဟာ တရုတ်နိုင်ငံရဲ့ စစ်ရေးဖိအားတွေ တိုးမြင့်လာနေတဲ့ ထိုင်ဝမ်ကျွန်းအတွက် အမေရိကန်ရဲ့ အကြီးမားဆုံး လက်နက်အစီအစဉ်လည်း ဖြစ်ပါတယ်။

ထိုင်ဝမ် လက်နက်ရောင်းချမှု ကြေညာချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ လက်ရှိအစိုးရလက်ထက်မှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပေကျင်းဟာ ထိုင်ဝမ်အပေါ် စစ်ရေးနဲ့ သံတမန်ရေးဖိအားတွေ တိုးမြှင့်နေချိန်မှာ ထွက်ပေါ်လာတာပါ။ 

ပေကျင်းအစိုးရကတော့ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု တောင်းဆိုချက်တွေကို ငြင်းပယ်ထားပါတယ်။ 

အဆိုပြုထားတဲ့ လက်နက်ရောင်းချမှုမှာ ဟိုင်းမားစ် ရော့ကက်ဒုံးကျည်းစနစ်တွေ၊ ဟောင်ဝစ်ဇာ အမြောက်တွေ၊ ဂျက်ဗလင် တင့်ကားဖျက်ဒုံးကျည်တွေ၊ အာလ်တီးယပ်စ် အသေခံဒရုန်းတွေနဲ့ တခြား ပစ္စည်းကိရိယာတွေအတွက် အစိတ်အပိုင်းတွေ အပါအဝင် ပစ္စည်း ၈ မျိုး ပါဝင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက်မှာ ပြောပါတယ်။ 

ဒီပက်ကေ့ချ် အစီအစဉ်ဟာ ကွန်ဂရက်လွှတ်တော်ကို အသိပေးတင်ပြတဲ့အဆင့်မှာ ရှိနေပြီး ကွန်ဂရက်လွှတ်တော်အနေနဲ့ ဆန္ဒရှိရင် ရောင်းချမှုကို ပိတ်ဆို့ဖို့ ဒါမှမဟုတ် ပြောင်းလဲဖို့ အခွင့်အရေးရှိပါတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ဒါပေမဲ့ ထိုင်ဝမ်ဟာ လွှတ်တော်အတွင်းမှာ ပါတီပေါင်းစုံရဲ့ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုကို ရရှိထားပါတယ်။

လက်နက်အရောင်းအဝယ် အသေးစိပ်ကို ကြေညာတဲ့ သီးခြားကြေညာချက်များစွာတွေထဲမှာ ပန်တဂွန်က ဒီလက်နက်ရောင်းချမှုဟာ ထိုင်ဝမ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ခေတ်မီအောင် လုပ်ဆောင်ခြင်းနဲ့ "ယုံကြည်စိတ်ချရတဲ့ ကာကွယ်ရေးစွမ်းရည်"ကို ထိန်းသိမ်းမယ့် ကြိုးပမ်းမှုတွေကို ပံ့ပိုးပေးခြင်းအားဖြင့် အမေရိကန်ရဲ့ အမျိုးသား၊ စီးပွားရေးနဲ့ လုံခြုံရေးအကျိုးစီးပွားတွေကို အကျိုးပြုတယ်လို့ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

Source:Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013