DVB Logo
Home
မြန်မာသတင်း
နော်ဝေပါလီမန် အစိုးရအဖွဲ့ဝင်များနှင့် မြန်မာ့အရေးလှုပ်ရှားသူများ တွေ့ဆုံဆွေးနွေး
DVB
·
December 17, 2025
နော်ဝေပါလီမန် အစိုးရအဖွဲ့ဝင်များနှင့် မြန်မာ့အရေးလှုပ်ရှားသူများ တွေ့ဆုံဆွေးနွေး
Donate to DVB

နော်ဝေပါလီမန် အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ပံ့ပိုးကူညီပေးရေးအဖွဲ့ (နော်ဝေ) တို့  အော်စလိုမြို့မှာ ဒီဇင်ဘာ ၁၆ ရက်က တွေ့ဆုံပြီး  မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါတယ်။

နော်ဝေးနိုင်ငံအခြေစိုက် မြန်မာအဖွဲ့အစည်း ၂၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ Myanmar (CRPH) Support Group, Norway ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ဝတ်မှုန်ဝင်းနဲ့ Nikolai Prydz (World Freedom Fund) တို့က နော်ဝေးပါလီမန်ရဲ့ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးကော်မတီ၊ နိုင်ငံတကာဌာနခွဲ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ သိရပါတယ်။

အဲဒီအစည်းအဝေးမှာ နော်ဝေပါလီမန် အစိုးရအဖွဲ့ဝင်တွေပါတဲ့ ကော်မတီက ကိုယ်စားလှယ် ၈ ယောက် တက်ရောက်ခဲ့ကြပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာတဲ့ အရေးပေါ်အခြေအနေတွေအပြင် အထူးသဖြင့် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ Telenor ကုမ္ပဏီရဲ့ အမှုကိစ္စတွေကို  အဓိကထားပြီး တင်ပြခဲ့တယ်လို့ ဒေါ်ဝတ်မှုန်ဝင်းက ပြောပါတယ်။

အခုတွေ့ဆုံမှုဟာ မြန်မာ့အရေးအတွက် အလွန်အရေးကြီးပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လုံခြုံရေးအတွက် နော်ဝေအစိုးရအနေနဲ့ အခုထက် ပိုမိုခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်လာလိမ့်မယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ စစ်ရာဇဝတ်မှု၊ လူသားချင်းစာနာမှုအကျပ်အတည်းနဲ့ အတုယောင် ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီးကန့်ကွက်တာ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေနဲ့ အာဏာရှင်နိုင်ငံတွေက စစ်တပ်ကို ပံ့ပိုးနေမှုအပြင် နော်ဝေအပါအဝင် ဥရောပသမဂ္ဂ (EU) က ပိုမိုခိုင်မာသော အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။

နော်ဝေပါလီမန် အစိုးရအဖွဲ့ဝင် ကော်မတီဝင်တွေဘက်ကလည်း စစ်တပ်ကို ဘယ်လိုနိုင်ငံတွေက ဖိအားပေးကိုင်တွယ်နိုင်မလဲ အပါအဝင် အိမ်နီးချင်းနိုင်ငံတချို့ရဲ့ သဘောထားတွေအပြင် နော်ဝေဘက်က အကူညီပေးအပ်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အချက် ၅ ခုကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013