DVB Logo
Home
နိုင်ငံတကာ
အီလွန်မက်စ်၏ ကြွယ်၀မှု ဒေါ်လာ ၆၀၀ ဘီလီယံကျော်အထိ မြင့်တက်လာ
DVB
·
December 16, 2025
အီလွန်မက်စ်၏ ကြွယ်၀မှု ဒေါ်လာ ၆၀၀ ဘီလီယံကျော်အထိ မြင့်တက်လာ
Donate to DVB

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်ရဲ့  ကြွယ်၀မှုဟာ ဒေါ်လာဘီလီယံပေါင်း ၆၀၀ ကျော်အထိ မြင့်တက်လာတယ်လို့ Forbes (ဖော့ဘ်) မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ 

အောက်တိုဘာလမှာတင် မက်စ်ဟာ ဒေါ်လာ ၅၀၀ ဘီလီယံနဲ့ အထက်ကြွယ်၀တဲ့ ပထမဆုံးပုဂ္ဂိုလ်အဖြစ် စံချိန်တင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ 

လာမယ့်နှစ်အတွင်း ဒုံးပျံထုတ်လုပ်တဲ့ SpaceX ကုမ္ပဏီကနေ ရှယ်ယာတွေကို အများပြည်သူအတွက် ရောင်းချသွားမယ့် IPO အစီအစဉ်ကြောင့် ဒေါ်လာဘီလီယံပေါင်း ၈၀၀ အထိ တန်ကြေးတက်လာခဲ့ပါတယ်။ 

အခုလိုမျိုး SpaceX ရဲ့ တန်ဖိုး မြင့်တက်လာတာနဲ့အမျှ ဒေါ်လာ ၁၆၈ ဘီလီယံထပ်ပြီး ပေါင်းထည့်နိုင်ခဲ့တဲ့အလျောက် မက်စ် ရဲ့ စုစုပေါင်းကြွယ်၀မှုဟာ ဒေါ်လာ ၆၇၇ ဘီလီယံအထိ ရှိလာခဲ့ပါတယ်။

SpaceX ကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲသွားမယ့် IPO အစီအစဉ်မတိုင်ခင်မှာပဲ မက်စ်က​ ဒေါ်လာ ၃၃၆ ဘီလီယံ တန်ကြေးရှိတဲ့ ရှယ်ယာ ၄၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီးသား ဖြစ်ပါတယ်။ 

ဒါ့အပြင် EV လျှပ်စစ်ကားထုတ်လုပ်တဲ့ Tesla ကုမ္ပဏီမှာလည်း မက်စ်က ဒေါ်လာ ၁၉၇ ဘီလီယံဖိုးဖြစ်တဲ့ ရှယ်ယာ ၁၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ 

အခုနှစ်ထဲမှာ Tesla ရောင်းအား ကျဆင်းလာပေမဲ့လည်း စတော့ရှယ်ယာဈေးကတော့ ၁၃ ရာခိုင်နှုန်းအထိကို မြင့်တက်ခဲ့ပါတယ်။ 

ဒါဟာ လူကိုယ်တိုင် စောင့်ကြည့်ထိန်းချုပ်စရာ မလိုတော့တဲ့ မောင်းသူမဲ့ စက်ရုပ်တက္ကစီတွေကို (Robotaxis) စမ်းသပ်နေပြီ ဖြစ်ကြောင်း မက်စ်က ကြေညာခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ နိုဝင်ဘာလကလည်း Tesla ရှယ်ယာရှင်တွေဟာ မက်စ်-အတွက် ဒေါ်လာ ၁ ထရီလီယံဖိုး ရှယ်ယာပိုင်ဆိုင်ခွင့်ပေးမယ့် အစီအစဉ်ကို အတည်ပြုလိုက်တာကြောင့် စီးအီးအို တယောက်အတွက် အမြင့်ဆုံးဆုကြေးပမာဏ ဖြစ်လာခဲ့ပါတယ်။ 

နောက်ထပ် မက်စ်-ပိုင်ဆိုင်ရာ xAI အသိဉာဏ်ရည်တု လုပ်ငန်းဟာ ၁၅ ဘီလီယံဖိုး ရှယ်ယာအသစ်တွေ ရောင်းချဖို့ ဆွေးနွေးလျက်ရှိကြောင်း သိရပါတယ်။ 

ဒါကြောင့် မက်စ်ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာဘီလီယံ ၇၀၀ ပြည့်မီဖို့အတွက်  ၂၃ ဘီလီယံသာ ထပ်ပြီးလိုအပ်တဲ့အပြင် ကမ္ဘာ့ပထမဆုံးသော ထရီလီယံနာ ဖြစ်လာဖို့အတွက်ပါ နီးစပ်နေပြီ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013