DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့ပထမဆုံး ဒရုန်းအစင်း ၂,၀၀၀ သုံး Tetris တုံးဆက်ပြိုင်ပွဲ
DVB
·
December 15, 2025
ကမ္ဘာ့ပထမဆုံး ဒရုန်းအစင်း ၂,၀၀၀ သုံး Tetris တုံးဆက်ပြိုင်ပွဲ
Donate to DVB

ဒူဘိုင်းကောင်းကင်ယံမှာ ပထမဆုံးအကြိမ် ဒရုန်းအစင်း ၂,၀၀၀ နဲ့ ပုံဖော်ကစားတဲ့ Tetris တုံးဆက်ဂိမ်းပြိုင်ပွဲမှာ တူရကီချန်ပီယံ ဖာမီ အာတာလာက ဗိုလ်စွဲသွားခဲ့ပါတယ်။

ကမ္ဘာ့ပထမဆုံး ဒရုန်းတွေနဲ့ လေပေါ်မှာကစားတဲ့ Red Bull Tetris ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ယူအေအီးနိုင်ငံ၊ Dubai Frame အဆောက်အအုံကြီးမှာ ဒီဇင်ဘာ ၁၃ ရက်က ကျင်းပခဲ့တာပါ။

ဒီပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၆၀ က ချန်ပီယံတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နောက်ဆုံးဗိုလ်လုပွဲမှာတော့ တူရကီကစားသမား အာတာလာနဲ့ ပီရူးကစားသမား လီယိုဆိုလာဇာနိုတို့ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာ အာတာလာက ရမှတ် ၁၆၈,၅၆၆ မှတ်ရရှိခဲ့ပြီး ပြိုင်ဘက်ကို အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။

ပေ ၅၀၀ လောက်မြင့်တဲ့ Dubai Frame ရဲ့ ဘောင်အတွင်းမှာ ဒရုန်းအစင်း ၂,၀၀၀ ကျော်နဲ့ Tetris ဂိမ်းကွက်တွေကို ပုံဖော်ပြီး ကစားသမားတွေက အဝေးထိန်းစနစ်နဲ့ ကစားခဲ့ကြတာပါ။

ဒါဟာ ဂိမ်းလောကသမိုင်းမှာ စခရင်ပေါ်ကနေ ကောင်းကင်ယံအထိ တီထွင်ဆန်းသစ်လိုက်တဲ့ ထူးခြားမှုတခုလည်း ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013