DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု ရွေးကောက်ပွဲကို နိုင်ငံတကာ ဆန့်ကျင်ကန့်ကွက်ရန် ကုလအထူးကိုယ်စားလှယ် တောင်းဆို
DVB
·
December 15, 2025
စစ်အုပ်စု ရွေးကောက်ပွဲကို နိုင်ငံတကာ ဆန့်ကျင်ကန့်ကွက်ရန် ကုလအထူးကိုယ်စားလှယ် တောင်းဆို
Donate to DVB

အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုရေး နိုင်ငံတကာရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကို စည်းရုံးဦးဆောင်ပေးဖို့ ယူကေအစိုးရကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က တိုက်တွန်းလိုက်ပါတယ်။

ယူကေနိုင်ငံဆီ အလည်အပတ်ခရီးစဉ်အပြီး ဒီဇင်ဘာ ၁၂ ရက် ထုတ်ပြန်ချက်မှာ ခုလို တိုက်တွန်းလိုက်တာဖြစ်ပြီး တွမ်အန်ဒရူးစ်က မြန်မာနိုင်ငံတွင်း ပိုမိုနက်ရှိုင်းလာနေတဲ့ လူ့အခွင့်အရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး ပိုမိုအားကောင်းတဲ့ အစီအမံတွေ ချမှတ်ဆောင်ရွက်ဖို့လည်း တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် တွမ်အန်ဒရူးစ်က ယူကေအစိုးရအနေနဲ့ မြန်မာစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ အစီအစဉ်ကို ပယ်ချထားတာကို ကြိုဆိုကြောင်းလည်း ပြောထားပါတယ်။ 

“ကျနော့်အနေနဲ့ ယူကေအစိုးရကို တခြားအစိုးရတွေ၊ အထူးသဖြင့် အာရှက အစိုးရတွေကို အလားတူ လုပ်ဆောင်လာအောင် တက်ကြွစွာ ဆက်သွယ်ဖို့ တိုက်တွန်းပါတယ်” လို့ ပြောလိုက်သလို စစ်ကောင်စီက ပြုလုပ်မယ့် ဒီအတုအယောင်ရွေးကောက်ပွဲတွေကို ခိုင်မာစွာနဲ့ ညှိနှိုင်းပူးပေါင်းပြီး ငြင်းပယ်ဖို့က အရေးကြီးတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ယူကေအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ မူကြမ်း ရေးဆွဲသူအဖြစ် တာဝန်ယူထားတဲ့ အခန်းကဏ္ဍကို အသုံးချပြီး စစ်အုပ်စုရဲ့ တာဝန်ခံမှုကို တောင်းဆိုကာ အကျပ်အတည်းကို ပိုမိုမြင်သာအောင် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းခဲ့သလို ၂၀၂၄ ခုနှစ် အောက်တိုဘာလနောက်ပိုင်းကစ ယူကေဘက်က ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုအသစ်တွေ မရှိတော့တဲ့အပေါ်လည်း ထောက်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ရခိုင်ပြည်နယ်က မြောက်ဦးဆေးရုံကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ထိတ်လန့်တုန်လှုပ်ကြောင်း ဖော်ပြခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် လူအနည်းဆုံး ၃၀ ကျော်သေဆုံးပြီး ၈၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ယူကေနိုင်ငံဟာ ခိုင်မာတဲ့ နိုင်ငံတကာတုံ့ပြန်မှုကို မောင်းနှင် ပေးနိုင်မဲ့ တမူထူးခြားတဲ့ အနေအထားမှာ ရှိနေကြောင်း ပြောကြားလိုက်ပြီး မြန်မာ့အရေးမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ အခုအချိန်က အခါအခွင့်သင့်ပြီ ဖြစ်ကြောင်းလည်း တွမ်အန်ဒရူးစ်က ပြောလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013