DVB Logo
Home
မြန်မာသတင်း
တနိုင်းမြို့နယ်၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုး၊ လေကြောင်းတိုက်ခိုက်
DVB
·
December 14, 2025
တနိုင်းမြို့နယ်၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုး၊ လေကြောင်းတိုက်ခိုက်
Donate to DVB

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းတောင်အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ တနိုင်းလပူခ ရွှေမော်ဘက်ခြမ်းမှာရှိတဲ့ ပယင်းတောင်ပတ်ဝန်းကျင်ကို  စစ်တပ်က စစ်ကြောင်းထိုးလာလို့ မနက် ၈ နာရီကနေ ညနေအထိ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နေ့လယ် ၁ နာရီလောက်မှာတော့ လေတပ်ကနေ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာပတ်ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ တနိုင်း ဒေသခံအမျိုးသမီးတယောက်က ပြောတယ်။

“ရေကန်တောင်၊ ပယင်းတောင်ကို ပြန်သိမ်းမယ်ဆိုပြီး ကြားနေတာ၊ တိုက်ပွဲမဖြစ်တာလည်း အတော်ကြာပြီ။ မနေ့ မနက် ၈ နာရီလောက်ကနေ စပစ်နေကြတာ။ ၁၁ နာရီလောက်ကျော်လောက် အချိန်ထိ ဆက်တိုက်ပဲ  ပစ်ခတ်နေကြတယ်။ လက်နက်ကြီးတွေကော တောက်လျှောက်ပစ်နေကြတာ။ အဲနောက်တော့ ပစ်လိုက်ရပ်လိုက်ပဲ ဖြစ်နေတယ်။”

ပစ်ခတ်တိုက်ခိုက်မှုတွေမှာ နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေကိုတော မသိရသေးပါဘူး။ စစ်တပ်က မန်ခွင်ကနေ ပယင်းတောင်ဘက်ကိုလည်း တနေကုန်နီးပါး လက်နက်ကြီး ပစ်ခတ်တာတွေနဲ့ ပစ်ခတ်ခဲ့သလို လေတပ်ကလည်း ဂျက်တိုက်လေယာဉ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ပတ်ဝန်းကျင်ကို တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံအမျိုးသမီးကပြောပါတယ်။

“ညနေပိုင်းလောက်တော့ လေယာဉ်နဲ့ လာပစ်သွားတယ်။ ဘယ်နေရာတွေမှာ သွားကျလဲတော့ မသိဘူး၊ အဝေးကဆိုတော့ အသံကြားရတယ်။ မီးခိုးတက်လာတွေလည်း တွေ့ရတယ်။”

တိုက်ပွဲဖြစ်ပွားနေတဲ့ ပတ်ဝန်းကျင်မှာ ကျေးရွာတွေမရှိပေမဲ့ ပယင်းတဲ့လုပ်ငန်းတွေ ပယင်း တူးဖော်တဲ့ ပြည်သူတွေ၊ ဈေးတန်း၊ လောင်းကစားဝိုင်းနဲ့ KTV လုပ်ငန်းတွေရှိပါတယ်။

မနေ့ ညပိုင်းမှာတော့ တနိုင်းမြို့ ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားသံတွေ မကြားရဘဲ ငြိမ်သက်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

ပယင်းတောင်စစ်ကောင်စီစခန်းကို KAI တပ်တွေက ၂၀၂၄ခုနှစ် ဧပြီလမှာ တိုက်ခိုက်သိမ်းပိုက်ရရှိထားတာ ဖြစ်ပြီးတော့ စစ်ကောင်စီဘက် ပယင်းတော်ပတ်ဝန်းကျင်ကို တဖန်ပြန်လည် ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013