DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန် စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံရ
DVB
·
December 13, 2025
ပါကစ္စတန် စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံရ
Donate to DVB

ပါကစ္စတန် စစ်ဘက်တရားရုံးတခုဟာ ထောက်လှမ်းရေးအကြီးအကဲဟောင်း ဖှိုင်ဇ်ဟာမစ်ဒ်ကို နိုင်ငံရေး ဝင်ရောက်စွက်ဖက်မှုအပါအဝင် စွဲချက် ၄ ခုနဲ့ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့ကြောင်း စစ်တပ်က ဒီဇင်ဘာ ၁၁ ရက်မှာပြောပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဟာမစ်ဒ်ဟာ ၂၀၂၂ ခုနှစ် ဩဂုတ်လကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ရုံးတင်စစ်ဆေးခံနေရတာဖြစ်ပြီး ဒါဟာ နိုင်ငံတွင်း အဆင့်မြင့် အငြိမ်းစားဗိုလ်ချုပ်ကြီးတယောက် အတွက် ရှားရှားပါးပါး ပြစ်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။

လက်ရှိ အကျဉ်းချခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းလက်ထက် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ပါကစ္စတန် စစ်ထောက်လှမ်းရေးအေဂျင်စီ (ISI) ကို ဟာမစ်ဒ်က ဦးဆောင်ခဲ့ပြီး ခန်းရဲ့ ရာထူးသက်တမ်းအတွင်း သူတို့ ၂ ယောက်ကို ရင်းနှီးတဲ့ မဟာမိတ်တွေအဖြစ် ရှုမြင်ခဲ့ကြပါတယ်။

တရားခံကို စွဲချက် ၄ ခုနဲ့ ရုံးတင်စစ်ဆေးခဲ့တယ်လို့ စစ်တပ်က ကြေညာခဲ့ပြီး အဲဒီစွဲချက်တွေဟာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်မှု၊ နိုင်ငံတော်လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့နည်းလမ်းနဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေကို ချိုးဖောက်မှု၊ အာဏာနဲ့ အရင်းအမြစ်တွေကို အလွဲသုံးစားပြုမှုနဲ့ လူပုဂ္ဂိုလ်တွေအပေါ် မတရားဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခြင်းတို့ ပါဝင်ကြောင်း ကြေညာချက်မှာ ထပ်လောင်းဖော်ပြပါတယ်။ 

ဟာမစ်ဒ်ဟာ စွဲချက် အားလုံးမှာ ပြစ်မှုထင်ရှားတွေ့ရှိကြောင်း စစ်တပ်က ကြေညာခဲ့ပြီး သီးခြားဖြစ်ရပ်တွေ အကြောင်း အသေးစိတ်မဖော်ပြထားပါဘူး။

ဒီဆုံးဖြတ်ချက်ဟာ အချိန်ရှည်လျားပြီး ခက်ခဲတဲ့ တရားရေးဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ ဖြစ်ပေါ်လာပြီး ဟာမစ်ဒ် ဟာ အယူခံဝင်ခွင့်ရှိတယ်လို့လည်း အလေးပေး ဖော်ပြထားပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013